Nick Vujicic ဆိုသူသည် အသက် ၂၉ နှစ်အရွယ် သြစတေးလျနိုင်ငံသား တစ်ဦးဖြစ်သည်။
သူသည် မွေးဖွားစဉ်ကပင် (ခြေထောက်သေးသေးလေး တစ်ဖက်သာ ပါရှိသဖြင့်)ခြေ၊လက်အင်္ဂါမပါရှိသော ကိုယ်အင်္ဂါချို့တဲ့သူဟု ဆိုနိုင် သည်။ သို့သော် သူသည် ရေးကူးသည်၊ ရေလွှာစကိတ်စီး သည်။ ဂေါက်သီး ရိုက်သည်။
သာမန်လူကဲ့သို့ပင် မကြီးထွားသော ခြေထောက်သေး နှစ်ဖက်ဖြင့် ခန္ဓာကိုယ်မျှခြေထိမ်းပေးခြင်း၊ ဘောလုံးကန်ခြင်း၊ စာရေးခြင်း၊ ပစ္စည်း ဆုပ်ကိုင်ခြင်း တို့အပြင် ကွန်ပျူတာကို ကောင်းစွာအသုံးချနိုင်စေသည်။ Nick သည်အသက် ၁၀ နှစ်အရွယ်တွင် ရေချိုးခန်းတွင်း၌ မိမိကိုယ်ကိုယ် ကြိုးဆွဲချသက်သေရန် ကြိုးပမ်း ခဲ့သည်။ သို့သော်သူ ၏ ကြိုးပမ်းချက် မအောင်မြင်ခဲ့ချေ။
နောင်သောအခါ ဘာသာရေးစာပေ၊ မိသားစုနှင့် အပေါင်းအသင်းမိတ်ဆွေများ၏ အကူအညီဖြင့် အသက်ရှင် ရုန်းကန်ရင်း ဘဝတွင် အနေပျော်လာခဲ့သည်။ ယခုအခါ Nick သည် ကိုယ်အင်္ဂါချို့တဲ့ သူတို့အတွက် စံပြတစ်ဦး ဖြစ်ခဲ့ပြီး ခြေလက်ချို့တဲ့သူများ အဖွဲ့ချုပ်၏ ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့သည်။
Ref:rare-facts
YoYarLay

No comments:
Post a Comment