Saturday, December 15, 2012

ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ


ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ
Friday, 14 December 2012

အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်းရောင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပင်လယ်လိပ် များအား တန်ဂျောင် ဘီနိုအာမြို့ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော လှေတစ်စီး အတွင်း၌ ရဲတပ်ဖွဲ့က ရှာဖွေ
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဘာလီ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ရှိသူ
တစ်ဦးက timeslive.co. za သတင်း ဝက်ဘ်ဆိုက်သို့ ပြောကြား ခဲ့သည်။

ရှားပါးလိပ်များကို တရားမဝင် ဖမ်းဆီးသူ များအား စုံစမ်းရှာဖွေ လျက်ရှိကြောင်း၊ ၎င်းလိပ်များကို ဆူလာ ဝေစီကျွန်း အလွန်ရှိ ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ဟန်တူကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖမ်းဆီး ရမိသော လိပ်များမှာ အလေးချိန် အားဖြင့် ၃ဝ ကီလို ဂရမ်နှင့် ၆ဝ ကီလို ဂရမ် ကြားရှိပြီး အရှည်မှာ ၃ဝ စင်တီမီတာမှ ၁ မီတာ ရှိကြောင်း သိရသည်။

၎င်းလိပ် တစ်ကောင်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၃၅ ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီအင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်းရောင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပင်လယ်လိပ် များအား တန်ဂျောင် ဘီနိုအာမြို့ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော လှေတစ်စီး အတွင်း၌ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း ဘာလီ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ရှိသူ

တစ်ဦးက timeslive.co. za သတင်း ဝက်ဘ်ဆိုက်သို့ ပြောကြား ခဲ့သည်။

ရှားပါးလိပ်များကို တရားမဝင် ဖမ်းဆီးသူ များအား စုံစမ်းရှာဖွေ လျက်ရှိကြောင်း၊ ၎င်းလိပ်များကို ဆူလာ ဝေစီကျွန်း အလွန်ရှိ ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ဟန် တူကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဖမ်းဆီး ရမိသော လိပ်များမှာ အလေးချိန် အားဖြင့် ၃ဝ ကီလို ဂရမ်နှင့် ၆ဝ ကီလို ဂရမ် ကြားရှိပြီး အရှည်မှာ ၃ဝ စင်တီမီတာမှ ၁ မီတာ ရှိကြောင်း သိရသည်။ ၎င်းလိပ် တစ်ကောင်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၃၅ ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။


မြ၀တီ

No comments:

Post a Comment