ဟော်မုဇ် ရေလက်ကြားတွင် ဒေသတွင်း လုံခြုံရေး ကာကွယ်ရန် ရည်ရွယ်၍ အီရန် နိုင်ငံသည် စစ်ရေး လေ့ကျင့်ခန်းများ စတင်ပြုလုပ် တော့မည်ဟု အီရန်ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် Ahmad Vahidi က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အီရန် တပ်မတော်အနေဖြင့် ဟော်မုဇ် ရေလက်ကြား အတွင်း စစ်ရေး လေ့ကျင့်ခန်း များအား ၂ဝ၁၃ ခုနှစ် မတ်လကုန်တွင်ပြုလုပ် သွားမည် ဖြစ်ကြောင်း အီရန် ရေတပ် အကြီးအကဲဗိုလ်ချုပ် Ali Fadavi က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် စစ်နည်းဗျူဟာ အသစ်များနှင့် ခေတ်မီ စစ်လက်နက် သစ်များအား စမ်းသပ် အသုံးပြု သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။
မြ၀တီ

No comments:
Post a Comment