Wednesday, December 12, 2012

အာရှခြေစစ်ပွဲအောင် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ပြန်လည်ရောက်ရှိ


အာရှခြေစစ်ပွဲအောင် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ပြန်လည်ရောက်ရှိ

အာရှဘောလုံး အဖွဲ့ချုပ်  (AFC) က ကြီးမှူး ကျင်းပသည့်  ၂ဝ၁၃  အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာယူ-၁၉ အမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ခြေစစ်ပွဲအောင် မြန်မာ ယူ-၁၉ အမျိုး သမီးအသင်းတွင်  အုပ်ချုပ်သူအဖြစ် ဒေါ်မြတ်မြတ်ဦး ဦးဆောင်၍ အုပ်ချုပ် နည်းပြအဖွဲ့ဝင် ခုနစ်ဦး၊ အားကစား သမား ၂၃ ဦး လိုက်ပါလာကြသည်။ မြန်မာယူ-၁၉ အသင်းသည်  ဒုတိယအ ဆင့် ခြေစစ်ပွဲတွင် အုပ်စု (ခ)၌ ပါဝင်ခဲ့ပြီး ဗီယက်နမ်ကို ၂ ဂိုး-၁ ဂိုး၊ အိန္ဒိယ ကို ၈ ဂိုး-ဂိုးမရှိတို့ဖြင့်နိုင်ပြီး တရုတ်(တိုင်ပေ)နှင့် ၁ ဂိုးစီသရေကျကာ အုပ်စု ပထမဖြင့် Play-Off အဆင့်သို့ တက်လှမ်းနိုင်ခဲ့ သည်။

Play-Off  ပွဲစဉ်တွင် အုပ်စု(က) မှ ပထမ ရရှိလာသည့် ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၁ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာအသင်းသည် အာရှထိပ်သီး အသင်း များဖြစ်သည့် မြောက်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီး ယား၊ တရုတ်အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။အာရှဘောလုံး အဖွဲ့ချုပ် (AFC) က ကြီးမှူး ကျင်းပသည့် ၂ဝ၁၃ အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင် ပွဲတွင် ခြေစစ်ပွဲ အောင်မြင် ခဲ့သော မြန် မာ ယူ-၁၉ အမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သို့ လေကြောင်း ခရီးဖြင့် ပြန် လည်ရောက် ရှိလာရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ် ဆက် ကြသည်။

ခြေစစ်ပွဲအောင် မြန်မာ ယူ-၁၉ အမျိုး သမီးအသင်းတွင် အုပ်ချုပ်သူအဖြစ် ဒေါ်မြတ်မြတ်ဦး ဦးဆောင်၍ အုပ်ချုပ် နည်းပြအဖွဲ့ဝင် ခုနစ်ဦး၊ အားကစား သမား ၂၃ ဦး လိုက်ပါလာကြသည်။ မြန်မာယူ-၁၉ အသင်းသည် ဒုတိယအ ဆင့် ခြေစစ်ပွဲတွင် အုပ်စု (ခ)၌ ပါဝင်ခဲ့ပြီး ဗီယက်နမ်ကို ၂ ဂိုး-၁ ဂိုး၊ အိန္ဒိယ ကို ၈ ဂိုး-ဂိုးမရှိတို့ဖြင့်နိုင်ပြီး တရုတ်(တိုင်ပေ)နှင့် ၁ ဂိုးစီသရေကျကာ အုပ်စု ပထမဖြင့် Play-Off အဆင့်သို့ တက်လှမ်းနိုင်ခဲ့ သည်။

Play-Off ပွဲစဉ်တွင် အုပ်စု(က) မှ ပထမ ရရှိလာသည့် ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာအသင်းသည် အာရှထိပ်သီး အသင်း များဖြစ်သည့် မြောက်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီး ယား၊ တရုတ်အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင် ကစား ရ မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment