Saturday, December 15, 2012

ကိုပါဒီရေး ပထမအကျော့ ပွဲစဉ် မက်ဆီ၏ သွင်းဂိုးများဖြင့် ဘာကာတို့ အနိုင် ရလိုက်ပြန်

ဒီဇင်ဘာ ၁၂ ရက်က ကျင်းပသော ကိုပါဒီရေး  ၁၆ သင်း ရှုံးထွက် ပွဲစဉ်တွင် ဘာကာ အသင်း သည် ကော်ဒိုဘာ အသင်းအား ၂ ဂိုး-ဂိုး မရှိဖြင့် အနိုင် ရလိုက်ကြောင်း သိရသည်။ ၎င်းပွဲစဉ်တွင် ဘာကာ အတွက် အနိုင်ဂိုး နှစ်ဂိုး စလုံးကို အာဂျင်တီးနား တိုက်စစ်မှူး
လီယိုနယ် မက်ဆီကပင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
မက်ဆီသည် အဆိုပါ သွင်းဂိုးများ  အပါအဝင် ၂ဝ၁၂ ခုနှစ်အတွင်း ဂိုး အရေအတွက် စုစုပေါင်း ၈၈ ဂိုး သွင်းယူ ထားပြီးဖြစ်၍ ယခင် ဂိုးသွင်း စံချိန်တင် ဂတ်မူလာ၏ စံချိန်ကိုပင်  ချိုးဖျက်၍ စံချိန်သစ် တင်နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 
from....မြ၀တီ

No comments:

Post a Comment