Sunday, December 9, 2012

အမျိုးသမီးတစ်ဦးမောင်းလာသော စက်လှေငယ်မှမော်တော်အားဝင်တိုက်မိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်  သပြုငူကျေးရွာအနီးတွင် နံနက် ၁၁နာရီ ၃၀ ခန့်က စက်တပ် ထားသော လှေငယ်မှ မကျီးလဟာကျေးရွာမှ ပုသိမ်သို့ ပြေးဆွဲနေသော ချမ်းမြေ့အေး အမည်ရှိ မော်တော်သည်သာပေါင်းမြို့မှ  နံနက် ၉ နာရီခန့်တွင် ပုသိမ်သို့ ထွက်ခွာခဲ့ရာ အမျိုးသမီး တစ်ဦးမောင်းနှင်လာပြီး အမျိုးသမီးနှစ်ဦးတင်ဆောင်လာသော စက်လှေငယ်မှ သပြုငူကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိ ကြောင်း သိရသည်။
စက်တပ်ထားသောလှေငယ်ပေါ်မှ အမျိုးသမီးများရေထဲသို့ ပြုတ်ကျသွားသော်လည်းအသေအပျောက် မရှိ၊ စက်လှေတွင် တပ်ဆင်ထားသော Honda အမျိုးအစား စက်ငယ်လေးသာ   ရေထဲသို့ပြုတ်ကျ ပျောက်ဆုံးသွားကြောင်း၊ ဟွန်းပေးပါသော်လည်း အရှိန်မထိန်းနိုင်ပဲ စက်လှေ ငယ်မှ ဝင်တိုက်ခြင်းကို ချမ်းမြေ့အေး စက်လှေပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များက ရှင်းပြသော်လည်း အနီးအနားရွာများမှ ရွာ သားများက အတိုက်ခံရသော ချမ်းမြေ့အေးမော်တော်အား ပုသိမ်သို့ ဆက်လက်ထွက်ခွင့်မပေးသော ကြောင့် သပြုငူကျေးရွာ ကမ်းတွင် ရပ်ဆိုင်း ထားရန်ပြောသောကြောင့် တာဝန်ရှိသူများ လာရောက်ဖြေရှင်းခြင်းကို စောင့်ဆိုင်းနေရကြောင်း သင်္ကန်း ပင်ဆိပ်မှ ပုသိမ်သို့ စီးနင်း လိုက်ပါလာသူ ကျောင်းသူ ခရီးသွားတစ်ဦးမှ မြန်မာ့ခေတ်သို့ ဖုန်းဆက်သွယ် ပြောကြားသည်။

လင်းလင်း

No comments:

Post a Comment