Friday, December 21, 2012

ည အပူချိန် များ ထူးကဲစွာ လျော့နည်းမည်

Photo: ည အပူချိန် များ ထူးကဲစွာ လျော့နည်းမည်
Friday, 21 December 2012

ရှမ်းပြည် တောင်ပိုင်း ဒေသ အချို့ အပါအဝင် ပြည်နယ် နှင့် တိုင်း ဒေသကြီး အချို့ တွင် ည အပူချိန် များ ထူးကဲစွာ လျော့နည်း လျက် ရှိကြောင်း မိုးလေ ဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန၏ တိုင်းထွာချက် များအရ သိရှိ ရသည်။

အဆိုပါ ထူးခြားသည့် ည အပူချိန် များမှာ လွိုင်လင် မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ပင်လောင်း မြို့တွင် ၀ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန် မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ဟဲဟိုး မြို့တွင် ၂ ဒီဂရီ စင်တီ ဂရိတ် နှင့် ဟားခါး မြို့တွင် ၅ ဒီဂရီ စင်တီ ဂရိတ် အထိ လျော့နည်း ကျဆင်း မှု ဖြစ်ပေါ် လျက် ရှိပြီး မကွေးတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ် နှင့် ကယား ပြည်နယ် တို့တွင် ဒီဇင်ဘာလ ၏ ပျမ်းမျှ အပူချိန် အောက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ် အထိ လျော့နည်း ကျဆင်းလျက် ရှိကြောင်း အပြင် ပဲခူးတိုင်း ဒေသကြီး ၌ ဒီဇင်ဘာ လ၏ ပျမ်းမျှ အပူချိန် အောက် ၅ ဒီဂရီ စင်တီဂရိတ် လျော့နည်း ခဲ့ကာ ကျန် တိုင်း ဒေသ ကြီးတွင် ပျမ်းမျှ အပူချိန် သာ ရှိကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

“ဒီမှာ ရာသီ ဥတုက အရင် နှစ်ကထက် ပိုအေးတယ်။ သိသိ သာသာ
အေးနေတယ်” ဟု ဟဲဟိုး မြို့နယ်တွင် နေထိုင်သူ ဒေသခံ တစ်ဦးက ဆိုသည်။ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက် များအရ မြန်မာ နိုင်ငံ အရှေ့ပိုင်း ဒေသ ၌ နောက်နှစ်ရက် အတွင်း ညအပူချိန်များဆက်လက် လျော့နည်းလာမည် ဖြစ်ကြောင်း နိုင်ငံပိုင် 
မီဒီယာ များတွင် ဖော်ပြ ထားသည်။

The Voice Weeklyရှမ်းပြည် တောင်ပိုင်း ဒေသအချို့အပါအဝင် ပြည်နယ် နှင့် တိုင်း ဒေသ ကြီးအချို့တွင် ညအပူချိန်များ ထူးကဲစွာ လျော့နည်းလျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ သိရှိရသည်။
အဆိုပါ ထူးခြားသည့် ည အပူချိန်များမှာ လွိုင်လင်မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ပင်လောင်း မြို့တွင် ၀ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန် မြို့တွင် ၁ ဒီဂရီ စင်တီဂရိတ်၊ ဟဲဟိုး မြို့တွင် ၂ ဒီဂရီ စင်တီဂရိတ် နှင့် ဟားခါး မြို့တွင် ၅ ဒီဂရီစင်တီဂရိတ်အထိ လျော့နည်းကျဆင်းမှု ဖြစ်ပေါ်လျက်ရှိပြီးမကွေးတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ် နှင့်ကယား ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန် အောက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းကျဆင်းလျက် ရှိကြောင်းအပြင် ပဲခူးတိုင်း ဒေသကြီး၌ ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန် အောက် ၅ ဒီဂရီ စင်တီဂရိတ် လျော့နည်းခဲ့ကာ ကျန်တိုင်း ဒေသ ကြီးတွင် ပျမ်းမျှအပူချိန် သာရှိကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

“ဒီမှာ ရာသီ ဥတုက အရင် နှစ်ကထက် ပိုအေးတယ်။ သိသိ သာသာအေးနေတယ်” ဟု ဟဲဟိုး မြို့နယ် တွင် နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက် များအရ မြန်မာ နိုင်ငံ အရှေ့ပိုင်း ဒေသ ၌ နောက်နှစ်ရက် အတွင်း ညအပူချိန်များ ဆက်လက် လျော့နည်း လာမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ များတွင် ဖော်ပြ ထားသည်။

The Voice Weekly

No comments:

Post a Comment