Wednesday, December 12, 2012

မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းဖြူဘလောက်တုံးဖမ်းဆီးရမိ

 ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်၊ ဝှေလေလန်စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းက ဘိန်းဖြူ ဘလောက်တုံး သယ်ဆောင်လာတဲ့ အမျိုးသား(၂)ဦးကို ဖမ်းမိခဲ့ပါတယ်။

မိုင်းဖြတ်မြို့နယ် ၀မ်ပုံကျေးရွာအနီးမှာ တာဝန်ကျနေတဲ့ စရဖ၊ တာချီလိတ် မူးယစ်အဖွဲ့၊ မြို့နယ်ရဲအဖွဲ့၊ အကောက်ခွန်အဖွဲ့၊ လ၀ကအဖွဲ့များမှ ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
တာချီလိတ်မှ ၀မ်ပုံရွာ ဘက်ကို ယာဉ်မောင်း စိုင်းစိမ်းနွဲ့ မောင်းနှင်ပြီး စိုင်းသန်းမောင် လိုက်ပါလာတဲ့ ယာဉ်အမှတ်၊ ၄ဂ/၆၃၀၉ လိုင်စင်မဲ့ ဗွီဂိုးအနက်ရောင် ယာဉ်ရဲ့ ရှေ့ခန်း ထိုင် ခုံဘေး တူးဘောက်ထဲမှ ဂျာနယ်စက္ကူနဲ့ ထုပ်ထားတဲ့ အလေးချိန် (၃၅၀) ဂရမ်ရှိတဲ့ ဘိန်းဖြူဘလောက်တုံး (၁) တုံးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ကာလတန်ဖိုး အားဖြင့် ကျပ် (၅၂)သိန်း ကျော်ရှိတယ်လို့ သိရပါတယ်။


ဘိန်းဖြူ ဘလောက်တုံး သယ်ဆောင်လာသော တရားခံ(၂)ဦး
တရားခံနှစ်ဦးကို တာချီလိတ်မူးယစ်ရုံးမှာ ကွင်းဆက်တရားခံတွေကို ထပ်မံဖမ်းဆီးနိုင်ဖို့အတွက် စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ(၉)ရက်နေ့ကလည်း မိုင်းလားမှ ကျိုင်းတုံကိုသွားတဲ့လမ်းပေါ်က ၀မ်တာပင်းပူပေါင်းစစ်ဆေးရေးဂိတ်မှာ ဘိန်းဖြူအမှုန့်(၅၀) ဂရမ်နဲ့ ဒဗလျူဝိုင် စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၄၀)ပြား စုစုပေါင်း ကာလတန်ဘိုး သိန်း(၄၀)ကျော်ကိုလည်း ရှာဖွေဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းမူးယစ်ဆေးဝါး များကို သယ်ဆောင်လာတဲ့သူကတော့ UWSA “၀” အဖွဲ့ ပန်ဆန်း ဗဟို ဌာနချုပ် မှ ဗဟိုကော်မတီဝင် ဒုစစ်သေနာပတိချုပ် ဦးအိုက်လွန်း၏ သားဖြစ်ကြောင်းကို ကျိုင်းတုံ မြို့ ခံများက ပြောပြ သွားပါတယ်။


 (၃၅၀) ဂရမ်ရှိဘိန်းဖြူဘလောက်တုံး

 
From : ရှမ်းသတင်းစဉ်

No comments:

Post a Comment