Thursday, December 6, 2012

ဒီမိုကရေစီ၏ အခွင့်အရေးများအနက် အချို့ကို ခံစားရပြုလာပြီ ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေစီ၏ အခွင့်အရေးများအနက် အချို့ကို ခံစားရပြုလာပြီ ဖြစ်ကြောင်း၊ အဆိုပါ ခံစားမှုများကို မှန်ကန်စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိအစိုးရ၏ ပွင့်လင်းမြင်သာမှုကို ကျေနပ်မှု အပြည့်ရှိပြီဟု မဆိုနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ခက်ခဲသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရကြောင်း အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ဟောပြောမှုတွင်
ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်



အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ဒုတိယနေ့ အစီအစဉ်တွင် Resilience in Turbulent Times ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြော လျက်ရှိနေပါသည်။

(၉) ကြိမ်မြောက် အာဆီယံ ခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment