Thursday, December 20, 2012

တောင်ကိုရီးယား နိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီး သမ္မတ ပေါ်ထွက် လာဖွယ်ရှိ


တောင်ကိုရီးယား နိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီး သမ္မတ ပေါ်ထွက် လာဖွယ်ရှိ

တောင်ကိုရီးယား နိုင်ငံတွင် ပထမဆုံးသော အမျိုးသမီး နိုင်ငံ ခေါင်းဆောင်တစ်ဦး  ပေါ်ထွက် လာနိုင်ဖွယ် ရှိသည့် သမိုင်းဝင် မဲပေးပွဲကို ဒီဇင်ဘာ ၁၈ ရက်က  စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲ ပေးပွဲတွင် လက်ရှိ အာဏာရ ကွန်ဆာဗေးတစ် ပါတီမှ ကိုယ်စားလှယ်လောင်း  ပတ်စ်ဂွမ် ဟေးနှင့် ပြိုင်ဘက် လစ်ဘရယ် ပါတီ ခေါင်းဆောင် မွန်ဂျေးအင်တို့ အဓိက ယှဉ်ပြိုင် အရွေး ခံကြမည် ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံရှိ ဆန္ဒမဲ ပေးမည့် လူပေါင်း သန်း ၄ဝ ကျော်အား လွတ်လပ်စွာ မဲပေး နိုင်ရန် အတွက် ထိုနေ့အား အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးကာ မဲရုံများကို ညနေ ၆ နာရီ ပိတ်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် အသံလွှင့် ဌာနသုံးခုမှ ထုတ်ပြန်သည့်  ကနဦး သမ္မတ ရွေးကောက်ပွဲ မဲရလဒ် များအရ ပတ်စ်ဂွမ် ဟေးက ဆန္ဒမဲ ၅ဝ ဒသမ ၁ ရာခိုင်နှုန်း ရရှိပြီး ပြိုင်ဘက် မွန်ဂျေးအင်က ၄၈ ဒသမ ၉ ရာခိုင်နှုန်း ရရှိကြောင်း သိရသည်။

အသက် ၆ဝနှစ်ရှိ ပတ်စ်ဂွမ် ဟေးသည် ယခင်နိုင်ငံ ခေါင်းဆောင်ဟောင်း တစ်ဦးနှင့် ဆက်နွှယ် ပတ်သက်မှု ရှိပြီး အမျိုးသား များသာ လွှမ်းမိုး အုပ်ချုပ် ခဲ့သော တောင်ကိုရီးယား နိုင်ငံတွင် သမိုင်းတွင် စေမည့် ပထမဆုံး အမျိုးသမီး သမ္မတ တစ်ဦး ဖြစ်လာဖွယ် ရှိလေသည်။

ပတ်စ်သည် သမ္မတဟောင်း ပတ်ချုံဟီး၏ သမီးဖြစ်သည်။ ၎င်းသမ္မတသည် နိုင်ငံတွင်း ဆင်းရဲ မွဲတေမှု လျော့နည်း ပပျောက်ရေးကို လိုလားသူ ဖြစ်ပြီး အာဏာရှင် အုပ်ချုပ်မှု စနစ်ဖြင့် ၁၈ နှစ်တိုင် အုပ်ချုပ်ခဲ့သည့် ကာလ အတွင်း ဖိနှိပ် အုပ်ချုပ်ခဲ့ခြင်း အတွက် ပုတ်ခတ် ဝေဖန် ခံခဲ့ရ သူလည်း ဖြစ်သည်။

မွန်ဂျေးအင် သည်လည်း ယခင် လက်ဝဲယိမ်း သမ္မတ ရိုမူးဟွန်၏ ဦးစီး အရာရှိချုပ် တစ်ဦး ဖြစ်သလို လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေဟောင်း တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် သမ္မတ ပတ်ချုံဟီး လက်ထက်က ဆန့်ကျင် ဆန္ဒပြ မှုကြောင့် အကျဉ်းချ ခံခဲ့ရသည်။

အဆိုပါ ဆန္ဒမဲ ပေးပွဲအတွက် ကိုယ်စားလှယ် ဟောင်းနှစ်ဦး လုံးသည် ဒီမိုက ရေစီ နည်းလမ်းကျ စီးပွားရေး ဖော်ဆောင်မှု အတွက် လိုအပ်ချက်များ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန် အဟုန်ကြောင့် ဖြစ်ပေါ်လာသည့် လူတန်းစား ကွာဟမှုအား လျှော့ချရေး တို့ကို အလေးထား ပြောကြား ခဲ့ကြပြီး အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးရေးနှင့် လူမှု ဝန်ထမ်း အသုံး စရိတ် များ  တိုးမြှင့်ရေး တို့အတွက် ကတိပြု ပြောဆိုခဲ့ ကြကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/2355-2012-12-20-09-56-16တောင်ကိုရီးယား နိုင်ငံတွင် ပထမဆုံးသော အမျိုး သမီး နိုင်ငံ ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာနိုင်ဖွယ် ရှိသည့် သမိုင်း ဝင်မဲပေးပွဲကို ဒီဇင်ဘာ ၁၈ ရက်က စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲ ပေးပွဲတွင် လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီမှ ကိုယ်စား လှယ်လောင်း ပတ်စ်ဂွမ် ဟေးနှင့် ပြိုင်ဘက် လစ်ဘရယ် ပါတီ ခေါင်းဆောင် မွန်ဂျေးအင်တို့ အဓိက ယှဉ်ပြိုင် အရွေး ခံကြမည် ဖြစ်သည်။


တောင်ကိုရီးယား နိုင်ငံရှိ ဆန္ဒမဲ ပေးမည့် လူပေါင်း သန်း ၄ဝ ကျော်အား လွတ်လပ်စွာ မဲပေး နိုင်ရန် အတွက် ထိုနေ့အား အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးကာ မဲရုံများကို ညနေ ၆ နာရီ ပိတ်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။


ဒီဇင်ဘာ ၁၉ ရက်တွင် အသံလွှင့် ဌာနသုံးခုမှ ထုတ်ပြန်သည့် ကနဦး သမ္မတ ရွေးကောက်ပွဲ မဲရလဒ် များအရ ပတ်စ်ဂွမ် ဟေးက ဆန္ဒမဲ ၅ဝ ဒသမ ၁ ရာခိုင်နှုန်း ရရှိပြီး ပြိုင်ဘက် မွန်ဂျေးအင်က ၄၈ ဒသမ ၉ ရာခိုင်နှုန်း ရရှိကြောင်း သိရသည်။


အသက် ၆ဝနှစ်ရှိ ပတ်စ်ဂွမ် ဟေးသည် ယခင်နိုင်ငံ ခေါင်းဆောင်ဟောင်း တစ်ဦးနှင့် ဆက်နွှယ် ပတ်သက်မှု ရှိပြီး အမျိုးသား များသာ လွှမ်းမိုး အုပ်ချုပ် ခဲ့သော တောင်ကိုရီးယား နိုင်ငံတွင် သမိုင်းတွင် စေမည့် ပထမဆုံး အမျိုးသမီး သမ္မတ တစ်ဦး ဖြစ်လာဖွယ် ရှိလေသည်။


ပတ်စ်သည် သမ္မတဟောင်း ပတ်ချုံဟီး၏ သမီးဖြစ်သည်။ ၎င်းသမ္မတသည် နိုင်ငံတွင်း ဆင်းရဲ မွဲတေမှု လျော့နည်း ပပျောက်ရေးကို လိုလားသူ ဖြစ်ပြီး အာဏာရှင် အုပ်ချုပ်မှု စနစ်ဖြင့် ၁၈ နှစ်တိုင် အုပ်ချုပ်ခဲ့သည့် ကာလ အတွင်း ဖိနှိပ် အုပ်ချုပ်ခဲ့ခြင်း အတွက် ပုတ်ခတ် ဝေဖန် ခံခဲ့ရ သူလည်း ဖြစ်သည်။


မွန်ဂျေးအင်သည်လည်း ယခင်လက်ဝဲယိမ်း သမ္မတရိုမူးဟွန်၏ ဦးစီးအရာရှိချုပ်တစ်ဦး ဖြစ်သလို လူ့အခွင့် အရေးဆိုင်ရာ ရှေ့နေဟောင်း တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် သမ္မတ ပတ်ချုံဟီး လက်ထက်က ဆန့်ကျင် ဆန္ဒပြ မှုကြောင့် အကျဉ်းချ ခံခဲ့ရသည်။


အဆိုပါ ဆန္ဒမဲ ပေးပွဲအတွက် ကိုယ်စားလှယ် ဟောင်းနှစ်ဦး လုံးသည် ဒီမိုက ရေစီ နည်းလမ်းကျ စီးပွားရေး ဖော်ဆောင်မှုအတွက် လိုအပ်ချက်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန်ကြောင့် ဖြစ်ပေါ် လာသည့် လူတန်းစားကွာဟမှုအား လျှော့ချရေးတို့ကို အလေးထား ပြောကြားခဲ့ကြပြီး အလုပ်အကိုင် အခွင့် အလမ်းများဖန်တီးရေးနှင့် လူမှုဝန်ထမ်းအသုံး စရိတ်များ တိုးမြှင့်ရေးတို့အတွက် ကတိပြု ပြောဆိုခဲ့ ကြကြောင်း သိရသည်။



No comments:

Post a Comment