Friday, December 28, 2012

နယူးယောက်တွင် ဧရာမ ဝေလငါး တစ်ကောင် သောင်တင်


နယူးယောက်တွင် ဧရာမ ဝေလငါး တစ်ကောင် သောင်တင်

ပေ ၆ဝ အရှည်ရှိ ဧရာမ ဝေလငါးကြီး တစ်ကောင်သည် နယူးယောက် မြို့တွင် ဒီဇင်ဘာ ၂၆ရက် နံနက်ပိုင်းက သောင်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝေလငါးကြီးအား ဆက်လက် အသက်ရှင် ခွင့်ရရန် ကျွမ်းကျင်သူများ က ကြိုးပမ်း ခဲ့သော် လည်း အသက်ရှင် ရန် အခွင့်အရေး အလွန်နည်းပါး သည်ကို တွေ့ရသည်။

နာမကျန်း ဖြစ်နေသော အဆိုပါ finback ဝေလငါးသည် blue whale အမျိုး အစား ဝေလငါး ကြီးများ၏ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ကျောရိုး ဆူးတောင် ပါရှိသော ရေနေ သတ္တဝါ အမျိုးအစား ဖြစ်ကြောင်း၊ ၄င်းသည် Breezy Point ကမ်းခြေ အနီးတွင် သောင်တင် ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် သူများက ဆိုသည်။

ရဲများနှင့် မီးသတ်သမား များသည် ၄င်းအား အသက်ရှင် နိုင်ရန်အတွက် ရေများနှင့် ဂရုတစိုက် ဖျန်းပေးခဲ့သော်လည်း ၄င်းသည် ပိန်ချုံးချည့်နဲ့ လွန်းသဖြင့် အသက်ရှင်ရန် မသေချာကြောင်း NOAA ငါးဖမ်းလုပ်ငန်းမှ ကျွမ်းကျင်သူ တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။

အရွယ်ရောက်ပြီး finback ဝေလငါး များသည် ၈၈ ပေအရှည်ထိ ကြီးထွားလေ့ရှိပြီး အလေးချိန် အားဖြင့် တန်ချိန် ၇ဝ ခန့်လေးလံ၍ သက်တမ်း ၁ဝဝနှစ် အထိ အသက်ရှင် နိုင်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3005-2012-12-28-09-42-30
ပေ ၆ဝ အရှည်ရှိဧရာမ ဝေလငါးကြီးတစ်ကောင်သည် နယူးယောက်မြို့တွင် ဒီဇင်ဘာ ၂၆ရက် နံနက် ပိုင်းက သောင်တင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဝေလငါးကြီးအား ဆက်လက်အသက်ရှင် ခွင့်ရရန် ကျွမ်းကျင်သူများက ကြိုးပမ်းခဲ့သော်လည်း အသက်ရှင်ရန် အခွင့်အရေး အလွန်နည်းပါးသည်ကို တွေ့ရ သည်။ နာမကျန်း ဖြစ်နေသော အဆိုပါ finback ဝေလငါးသည် blue whale အမျိုးအစား ဝေလငါး ကြီးများ၏ ကမ္ဘာ့ဒုတိယ အကြီးဆုံး ကျောရိုး ဆူးတောင် ပါရှိသော ရေနေ သတ္တဝါ အမျိုး အစား ဖြစ်ကြောင်း၊ ၄င်းသည် Breezy Point ကမ်းခြေ အနီးတွင် သောင်တင် ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် သူများ က ဆိုသည်။

ရဲများနှင့် မီးသတ်သမား များသည် ၄င်းအားအသက်ရှင် နိုင်ရန်အတွက်ရေများနှင့် ဂရုတစိုက် ဖျန်းပေး ခဲ့သော်လည်း ၄င်းသည် ပိန်ချုံးချည့်နဲ့ လွန်းသဖြင့် အသက်ရှင်ရန် မသေချာကြောင်း NOAA ငါးဖမ်း လုပ်ငန်းမှ ကျွမ်းကျင်သူ တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။

အရွယ်ရောက်ပြီး finback ဝေလငါးများသည် ၈၈ ပေအရှည်ထိ ကြီးထွားလေ့ရှိပြီး အလေးချိန်အားဖြင့် တန်ချိန် ၇ဝ ခန့်လေးလံ၍ သက်တမ်း ၁ဝဝနှစ် အထိ အသက်ရှင် နိုင်ကြောင်း သိရသည်။




No comments:

Post a Comment