Tuesday, December 11, 2012

ဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့မှု မရှိသည့် တပ်ဖွဲ့ဝင်များအား အရေးယူ

ရွှေပြည်သာ မြို့နယ် လှော်ကားရဲ စခန်းမှ ရဲတပ်ကြပ် ဟန်သက်နှင့် ရဲတပ်သား ပြည့်ဖြိုးမောင် တို့သည် နိုဝင်ဘာ ၂၉ ရက်က ကင်းလှည့်တာဝန် ဆောင်ရွက်နေစဉ် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် မဟာမြိုင် လမ်းမကြီး ဘေးရှိ ထမင်းဆိုင်၌ ''အောင်'' ကြွေပြား စက်ရုံမှ အထွေထွေ လုပ်သား ဇေယျာလင်း (ဘ) ဦးစံသိန်းသည် မူးယစ်ရမ်းကား နေသဖြင့် ကူညီ ဆောင် ရွက် ပေးပါရန် လူငယ် သုံးဦးမှ အကူအညီ တောင်းခံ ခဲ့ကြောင်း၊ ထိုအချိန်တွင် ရဲတပ်သား ဇော်ရဲထက် ထပ်မံ ရောက်ရှိလာပြီး မူးယစ်ရမ်းကား နေသူအား အိမ်ပြန် ရန် ပြောဆို ထိန်းသိမ်း ခဲ့ကြကြောင်း၊ မူးနေသူမှ အိမ်မပြန်ဘဲ ဆက်လက် မူးယစ်ရမ်းကား နေခဲ့ကြောင်း၊ အခြေအနေ ဆိုးလာသဖြင့် ဖမ်းဆီးရာ ပြန်လည် ခုခံမှုများ ပြုလုပ် ခဲ့ကြောင်း၊ ဝိုင်းဝန်း ဖမ်းချုပ်ပြီး ဆိုင်ကယ် ပေါ်သို့ တင်ရန် ဆွဲခေါ်စဉ် မူးနေသူ ဇေယျာမင်းမှ ခုခံမှုများ ပြုလုပ် နေသဖြင့် ၎င်းတပ်ဖွဲ့ဝင် တို့မှ နံပါတ်တုတ်ဖြင့် ရိုက်ခြင်း၊ လက် သီးဖြင့် ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက် ပြုလုပ်ခဲ့ ကြောင်း၊ ယင်းကဲ့သို့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားရာမှ ဦးခေါင်းနှင့် ကားလမ်း ရိုက်မိပြီး သေဆုံး သွားသည့် ဖြစ်စဉ် ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့် ထိန်းသိမ်း ဆောင်ရွက်ရမည် ဖြစ်သော် လည်း လုပ်ဆောင်မှု ချို့ယွင်း အားနည်း ချက်ကြောင့် သေဆုံး ခဲ့ကြောင်း သုံး သပ် တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် ပါဝင်သူ တပ်ဖွဲ့ဝင် သုံးဦးတို့အား ရွှေပြည်သာ မြို့နယ် တရားရုံးသို့ တရား စွဲဆိုချုပ် မိန့်ရီမန် တောင်းဆို ချုပ်နှောင် စစ်ဆေးလျက် ရှိကြောင်း၊ ဖြစ် စဉ်တွင် ကြီးကြပ် ကွပ်ကဲမှု၌ တာဝန်ရှိသော စခန်းမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး တို့အားလည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ဝတီ

No comments:

Post a Comment