Thursday, December 27, 2012

ပုပ်ရဟန်းမင်းကြီး စီးဖို့က မာစီဒီးက ထုတ်မည်



ပုပ်ရဟန်းမင်းကြီး Benedict XVI စီးဖို့အဖြစ်တွက် ကားကို မာစီဒီးက တာဝန်ယူ ထုတ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံမှာမြင်တွေ့ရတဲ့ အတိုင်း ဒီဇိုင်းရေးဆွဲပြီးဖြစ်ရာ မကြာမီ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ သမ္မတတွေစီးတဲ့ကားပဲ ဈေးကြီးတာ မဟုတ်ပါဘူး။ ပုပ်ရဟန်း မင်းကြီး စီးတဲ့ကားလည်း အထိုက်အလျောက်
ဈေးကြီးပါတယ်။ ခန့်မှန်း တွက်ချက်ထားမှုအရဗြိတိန်ပေါင် ၃သိန်းခွဲ
ဝန်းကျင် ရှိပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆီလျော်မယ့်ကား ဖြစ်ပြီး ဟိုင်းဘရစ် အမျိုးအစား ဖြစ်ပါတယ်။

ဆလင်ဒါ ၈လုံးပူး ဓာတ်ဆီ အင်ဂျင်အပြင် ၁၆ မိုင် မနားတမ်း
သွားလို့ရမယ့် ဘက်ထရီလည်း ပါရှိပါသေးတယ်။ အိတ်ဇောထွက်ရှိမှုကို အနည်းနိုင်ဆုံး ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ နောက်ခန်းက ထိုင်တဲ့ပတ်ပတ်လည် မှန်ဘောင်တွေက ကျည်ကာမှန်တွေ ဖြစ်ပါတယ်။ လုံခြုံရေး အဆင့်မြင့်ကားပဲ ဖြစ်ပါတယ်။ ဗုံးဖောက်ခွဲလို့ မရအောင်လည်း အဆင့်မြင့် သတ္တုတွေကို အသုံးပြု ထားပါတယ်။ ပြည်သူများရှေ့ ကို တစ်နာရီ ၆ မိုင်နှုန်း အဖြေးသွား နိုင်ပြီး အမြန် တစ်နာရီ မိုင် ၁၆၀ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ကပ်သလစ်ချာ့ခ်ျရဲ့  ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ Pope Benedict XVI ဟာ ကမ္ဘာ့ခရစ်ယာန်ဘာသာ ရပ်ဝန်းမှာ သြဇာကြီးသူ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အန္တရာယ် အထူးကာကွယ် ပေးထားရပြီး ကားပေါ်မှာ လည်း အနည်းဆုံး ကိုယ်ရံတော် တစ်ဦး လိုက်ပါမှာ ဖြစ်ကြောင်း သိရပါ တယ်။
--
Ref: telegraph
ColayOnline:Automobile

No comments:

Post a Comment