Saturday, December 8, 2012

တူရကီ နိုင်ငံခြားသား ၄ ဦး ပျောက်ဆုံးနေကြောင်း သတင်းမှာ မမှန်ကန်ကြောင်း သိရ

လွန်ခဲ့သော ဒီဇင်ဘာလ (၃) ရက်နေ့က စစ်တွေမြို့နယ်တွင် အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေသော တူရကီ နိုင်ငံခြားသား ၄ ဦးပျောက်ဆုံးနေကြောင်း သတင်းမှာ မှန်ကန်မှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိ သူတစ်ဦး ၏ ပြောကြား ချက် အရ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကောက်မတီ ဥက္ကဌ ဦးလှသိန်းက ''ဒီကိစ္စက လုံးဝမဖြစ်နိုင်ပါဘူး။ ပြည်နယ်အစိုးရဖွဲ့အနေနဲ့ အ၀င်အထွက် စာရင်းအားလုံးကို ထိန်းသိမ်းထားပါတယ်။ တကယ်လို့ ပျောက်သွားတယ်ဆိုရင်တောင် တိုင်တန်းတာတို့ ရှိမှာပေါ့။ အခုက ဘယ်အဖွဲ့ကမှလည်း အကြောင်းမကြားပါဘူး။ တူရကီအဖွဲ့နဲ့လည်း အမြဲအဆက်အသွယ် ရှိပါတယ်။ ဒီလို တိုးရစ်ဗီဇာနဲ့ ၀င်နေတာလည်း မရှိပါဘူး။ လုံခြုံရေးဝန်ကြီး ကိုလည်း ဒီသတင်း မေးထားပြီးပါပြီ။ ဒါဟာ မဟုတ်မမှန် သတင်းလွင့်တာပဲ ဖြစ်ပါတယ်" ဟု Eleven Media Group သို့ပြောကြား ခဲ့ပါသည်။
အဆိုပါသတင်းအား အင်တာနက် စာမျက်နှာဖြစ်သည့် The Arakan Times စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment