Friday, December 28, 2012

အမေရိကန် အစိုးရက တောင်ကိုရီးယား နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် ကမ်းလှမ်း

အမေရိကန် အစိုးရက တောင်ကိုရီးယား နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် ကမ်းလှမ်း

မြောက်ကိုရီးယား နိုင်ငံ၏ စစ်ရေးအရ တိုက်ခိုက်မှု များမှ ကာကွယ်ရန်နှင့် တောင်ကိုရီးယား နိုင်ငံ၏ စစ်ရေး စွမ်းရည် မြှင့်တင်မှုကို အထောက်အပံ့ ဖြစ်စေရန် အိုဘားမား အစိုးရက တောင်ကိုရီးယား နိုင်ငံအား    မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် တရားဝင် အဆိုပြု ကမ်းလှမ်း ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ် လေးစင်းကို ရောင်းချပေးရန် အမေရိကန် အစိုးရထံသို့ ကမ်းလှမ်း ထားကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ကာကွယ်ရေး ဆိုင်ရာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ်သည် သတင်းအချက် အလက်များ ရယူစုဆောင်း နိုင် ခြင်း၊ စောင့်ကြည့် လေ့လာခြင်းနှင့် ထောက်လှမ်းရေး ဆိုင်ရာ အချက်အလက်များ ရယူနိုင်ခြင်း တို့ကြောင့် တောင်ကိုရီးယား နိုင်ငံ၏ ဒေသတွင်းရှိ ခြိမ်းခြောက်မှု များကို ကာကွယ်ရာ တွင် များစွာ အထောက်အကူ ပြုမည် ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံသည် ကြာရှည် ပျံသန်းနိုင်ရန် ရှိသော အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို ဝယ်ယူရန် လွန်ခဲ့သော လေးနှစ်မှစ၍ စိတ်ဝင်စား ခဲ့ကြောင်း သိရသည်။

ယင်းမောင်းသူမဲ့ လေယာဉ်သည် အမြင့်ပေ ၆ဝဝဝဝ မှနေ၍ ထောက် လှမ်းရေး ဆိုင်ရာ သတင်း အချက်အလက် များကို ယူဆောင် နိုင်ကြောင်း သိရသည်။

Global Hawk မောင်းသူမဲ့ လေယာဉ် များကို သြစတြေးလျ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ မှလည်း ဝယ်ယူရန် စိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2964-2012-12-28-08-17-52 မြောက်ကိုရီးယား နိုင်ငံ၏စစ်ရေးအရ တိုက်ခိုက်မှုများမှ ကာကွယ် ရန်နှင့် တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းရည် မြှင့်တင်မှုကို အထောက်အပံ့ ဖြစ်စေရန် အိုဘားမားအစိုးရက တောင်ကိုရီးယား နိုင် ငံအား မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် တရားဝင်အဆိုပြု ကမ်း လှမ်းခဲ့ကြောင်း အင်တာနက် သတင်းအရသိရသည်။

တောင်ကိုရီးယား နိုင်ငံသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ် လေးစင်းကို ရောင်းချပေးရန် အမေရိကန်အစိုးရထံသို့ ကမ်းလှမ်း ထားကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ကာကွယ်ရေး ဆိုင်ရာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ်သည် သတင်းအချက်အလက်များ ရယူ စုဆောင်း နိုင် ခြင်း၊ စောင့်ကြည့် လေ့လာခြင်းနှင့် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ ရယူနိုင်ခြင်းတို့ကြောင့် တောင်ကိုရီးယား နိုင်ငံ၏ ဒေသတွင်းရှိ ခြိမ်းခြောက်မှုများကို ကာကွယ်ရာတွင် များစွာ အထောက် အကူ ပြုမည် ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံသည် ကြာရှည် ပျံသန်းနိုင်ရန်ရှိသော အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို ဝယ်ယူ ရန် လွန် ခဲ့သော လေးနှစ်မှစ၍ စိတ်ဝင်စားခဲ့ကြောင်း သိရသည်။

ယင်းမောင်းသူမဲ့ လေယာဉ်သည် အမြင့်ပေ ၆ဝဝဝဝ မှနေ၍ ထောက် လှမ်းရေးဆိုင်ရာ သတင်းအချက် အလက်များကို ယူဆောင် နိုင်ကြောင်းသိရသည်။ Global Hawk မောင်းသူမဲ့ လေယာဉ်များကို သြစတြေးလျ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့မှလည်းဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရ သည်။
From..မြ၀တီ

No comments:

Post a Comment