Saturday, December 15, 2012

စက်တင်ဘာ အရေးအခင်း(ခေါ်) ဘုန်းကြီးတွေ လမ်းပေါ်ထွက်အောင်လုပ်တဲ့ ဘုန်းကြီးယုတ် ဘုန်းကြီးတု အကြောင်းဖော်ထုတ်ပြီ


 

စက်တင်ဘာလကိုရောက်လာပြီဆိုရင်ဖြင့် ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်းတွေမြင်လာရပြန်ပါပြီ။ တကယ်ဆို ၀ါတွင်းကာလကြီး မဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေးတွေလုပ်နေလို့ EU ကတောင် Sanction တွေရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှုက လွဲရင်ကျန်တဲ့ ကုန်သွယ်ရေးဆိုင်ရာ ကင်းလွတ်ခွင့်တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါပြီ။ ကျွန်တော်တို့နိုင်ငံလောက် နှစ်ပတ်လည်နေ့၊ အမှတ်တရနေ့တွေများတာ မကြားဖူးပါ ဘူး ဗျာ။ နိုင်ငံ တစ်ခုမှာ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊ အလုပ် သမားနေ့ ၊ တောင်သူ လယ်သမားနေ့၊ တပ်မတော်နေ့ ဒီလို နေ့တွေပဲရှိသင့်ပါတယ်။ ဘာအထိမ်း အမှတ်၊ ညာအထိမ်းအမှတ်တွေ ရှာကြံ လုပ်နေတာ ကျွန်တော်တို့နိုင်ငံမှာများလွန်း လှပါတယ်။ မှတ်လည်းမှတ်သား ထားနိုင်ကြ ပါပေ့။ ရှေးဖြစ်ဟောင်းအောက်မေ့ ဖွယ်တွေက ဒီမိုကရေစီခေတ်အထိ လိုက်လာနေဆဲပါလားဗျာ။

ရွှေဝါရောင်တော်လှန်ရေးလို့ ကင်းပွန်းတပ်ခဲ့သူကို အတော်လေးချီးကျူးပါတယ်။ ဒီနာမည်က အရမ်း ကို ပေါက်သွားခဲ့တာမဟုတ်လား။ တကယ်တော့ စက်သုံးဆီဈေးမြှင့် လိုက်တာကစခဲ့တဲ့ ကိစ္စပါ။ အေးချမ်း စွာသီတင်းသုံး နေတဲ့ ဘုန်းဘုန်းတွေလမ်းပေါ် တက်လာအောင် မြှောက်ပင့်ပေး တဲ့သူတွေ ရှိခဲ့တယ်။ တွန်းတင်တဲ့သူတွေရှိခဲ့တယ်။ မတက်ချင်တက်ချင်အောင် ဆွဲခေါ်တဲ့သူတွေ ရှိခဲ့တယ်။ ၀ိနည်း သိက္ခာပုဒ်တွေနဲ့မညီတဲ့ ဘုန်းကြီးအယောင်ဆောင် တစ်ချို့ကိုလဲ ရှာဖွေဖော်ထုတ်နိုင် ခဲ့တယ်။
ငြင်းမရတဲ့ဖြစ်ရပ်တစ်ခုကို ပြောပြပါမယ်။

 ၂၀၀၇ အောက်တိုဘာလဆန်းပိုင်းမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီလာကျောင်းတိုက်ကို သတင်းအရ၀င်ရှာကြတယ်။ အဲဒီတုန်းက ကျွန်တော်ကရပ်ကွက်လူကြီး၊ သက်သေအနေနဲ့ ကိုယ်တိုင် ပါခဲ့ရတယ်။ ကျောင်းထိုင်ဆရာတော်က ဦးကောဝိဒ၊ ကျောင်းတိုက်ထဲက ဘာတွေတွေ့လဲ ဆိုတော့ ညစ်ညမ်း VCD ခွေတွေ၊ တုတ်၊ ဓား၊ လေးခွတွေ၊ ဖဲထုပ်တွေ၊ ကွန်ဒုံးတွေ၊ ပစ္စည်းအတု(ဓာတ်ပုံထဲက အဖြူရောင်နဲ့ ထောင်နေတဲ့ပစ္စည်းပါ)၊ ဟန်းဖုန်း(ဟန်းဖုန်းရဲ့ Screen ကိုလည်း သေချာကြည့်ပေးပါ)စတဲ့ ပစ္စည်းအမျိုး ပေါင်း ၅၀ ကျော်ကို သိမ်းဆည်းမိခဲ့တယ်။ မြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်အတော်လေး တုန်လှုပ်ခဲ့ရပါတယ်။ ထင်ကိုထင်မထားခဲ့ပါဘူးဗျာ။ ကျွန်တော်ကိုယ်တိုင်ဆွမ်းကပ်ခဲ့၊ သီလယူခဲ့တဲ့ကျောင်း ပါ။ အခုမှ ကြက်သီးထစွာနဲ့ နောင်တရမိပါတယ်။ ဒီလိုဘုန်းကြီးအတုတွေဟာ ဘာသာသာသနာအတွက် ကြီးမားလှတဲ့အန္တရာယ်ပါ။


ဒါက တကယ့်အမှန်တရားပါ။ အဲဒီအထဲမှာ မဟုတ်တန်းတရားတွေ အနားကပ်ပြီးလျှောက် တင်တတ် သူတွေရဲ့ လက်ချက်ကြောင့် ဆရာတော်ကြီးတစ်ချို့ကတောင် တာဝန်ရှိသူတွေအပေါ် အမြင်မှားပြီးပြော ဆိုဝေဖန်တာတွေလဲ ကြားရပါတယ်။ အတော့်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဦးကောဝိဒက နိုင်ငံတော်ရဲ့ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါပြီ။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီ လာကျောင်း တိုက် ကိုပဲပြန်ရောက်လာပါတယ်။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ရွှေဝါရောင် ၅ နှစ်ပြည့်ကို အဲဒီကျောင်းမှာ သူကိုယ်တိုင်ခေါင်းဆောင်ပြီး စည်စည်ကားကားလုပ်ခဲ့ပါတယ်ဗျာ။

ဦးပဏ္ဏိဝံသလို့ခေါ်တဲ့ ဦးပြည်ကျော် အကြောင်းကိုလည်း နည်းနည်းဖောက်သည်ချပါရစေ။ ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ အကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့သူပါ။ အခုအရင် အလုပ် မျိုးတွေ ပြန်လုပ်နေပြန်ပါပြီ။ ၈၈ အရေးအခင်းမှာလည်းပါခဲ့တယ်။ ၁၉၉၀ ကျတော့ တာမွေ၊ နန္ဒ၀န် ပါဠိ တက္ကသိုလ်မှာ သပိတ်မှောက်ကံဆောင် ပြန်ပါရော။ ၂၀၀၇ မှာလည်း ထိပ်ဆုံးကပါပဲ။ မင်္ဂလာတောင် ညွန့် ရွှေတောင်ကျောင်းမှာရှိစဉ်က ဘုန်းကြီးနဲ့ မဆိုင်တာတွေ အကုန်လုပ်ခဲ့ပါတယ်။ တစ်လုံး (ဘောလုံး)၊ နှစ်လုံး၊ သုံးလုံးတွေရဲ့ ဒိုင်ချုပ်ဘုန်းဘုန်း ဖြစ်ပါတယ်။ ၂၀၀၂ လောက်မှာ ဒဂုံမြို့ သစ်တောင်ပိုင်းက ခင်ခင်ချို ဆိုတဲ့ အမျိုးသမီးနဲ့ ကျောင်းမှာအတူနေရာကနေ အဲဒီမိန်းမကိုယ်ဝန်ရပြီး ကလေးပျက်ကျခဲ့တယ်လို့သိရတယ်။ ၂၀၀၄ ကျတော့ ဘီးလင်းဘက်က မအိဆိုတဲ့ အမျိုးသမီး တစ်ဦးကို ကျောင်းပေါ်ကို ခေါ်လာခဲ့တယ်။ ကျောင်းမှာထားပြီး မွေးစားလိုက်တယ်(သဘောပေါက်မှာပါ)။ ကိုယ်ဝန် နှစ်ကြိမ်တိတိ ဖျက်ချခဲ့ရတယ်။ ဟုတ်မဟုတ် ကာယကံရှင်တွေ သိပါလိမ့်မယ်။ သံသယ ရှိခဲ့ရင် ကျောင်းဝန်းကျင်မှာ နေသူတွေကို မေးသာကြည့်ကြပါ။ အဲဒီပုဂ္ဂိုလ် က ထောင်ကထွက် လာ တာနဲ့ ရွှေဝါရောင် ဖောင်ဒေးရှင်းဆိုပြီး ဖွဲ့လိုက်ပါရောဗျာ။

ယနေ့သာသနာတော်မှာ ဦးကောဝိဒနဲ့ ဦးပဏ္ဏိဝံသတို့လို အတုအယောင်တွေမရှိသင့်တော့ပါ။ အတုအယောင် လုပ်နေမဲ့အစား တကယ်နိုင်ငံချစ်ရင် လူဝတ်လဲပြီးပါတီထောင်ပါ။ လွှတ်တော်တက် စကားပြောကြပါ။ အရွေးခံရရင် သမ္မတလဲဖြစ်နိုင်ပါတယ်။ ဒီထက်ပိုပြီး သတ္တိကောင်းရင် စစ်တပ်ထဲသာ ၀င်လိုက်ကြပါ။ တိုက်ရည်ခိုက်ရည်ကောင်းရင် ရာထူးရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ထေရ၀ါဒနိုင်ငံ ဆိုလို့ မြန်မာ တစ်နိုင်ငံတည်းရှိတယ်လို့ ကမ္ဘာကအသိအမှတ်ပြုထားပါတယ်။ သာသနာတော်ညှိုးနွမ်းအောင် မလုပ်ကြပါနဲ့။

ဘုန်းဘုန်းတို့ဘုရား.... တပည့်တော်တို့က ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စတဲ့ ပစ္စည်းလေးပါး ဆက်ကပ် လှူဒါန်းတဲ့အခါ သာသနာအကျိုးသယ်ပိုးပြီး ၀ိနည်းသိက္ခာနဲ့ညီညွတ်လို့ ၀င်းလက်ကြည်လင်နေတဲ့ ဆရာတော်တွေရဲ့ မျက်နှာတော်တွေကိုဖူးရင်း ကြည်နူးစွာရေစက်ချလိုပါတယ်။ ဓာတ်ပုံထဲက ဦးကောဝိဒလို အရက်သေစာသောက်စားပြီး ကာမဂုဏ်လိုက်စားသူရဲ့ မျက်နှာမျိုးကို တပည့်တော်တို့ ရှာဖွေစုဆောင်းထားတဲ့ ချွေးနဲစာလှူဖွယ်ဝတ္ထုတွေ ဘယ်လို စိတ်ထားမျိုးနဲ့ လှူဒါန်းရမှာလဲဘုရား။ အရှုပ်ထဲမှာရှင်းအောင်နေဖို့ ဆရာတော် ဦးဇောတိက ဟောကြားတော်မူခဲ့ပါတယ်။ ရှင်းရှင်း လင်းလင်းနေနိုင်ဖို့ သာသနာအတွက် အရှုပ်ဖြစ်နေသူတွေကိုလဲ ဖယ်ရှား ရှင်းလင်း ပေးတော်မူကြ ပါဘုရား....။

From:[_ Thiha Yawdar_]

 

No comments:

Post a Comment