Saturday, December 8, 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ  
Saturday, 08 December 2012

မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာ
သံအမတ်များ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရဲချုပ်
ကျော်ကျာ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အပါအ၀င် နိုင်ငံခြားသံအမတ် ၅ ဦးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါလာပြီး နံနက်ပိုင်းတွင် စစ်တွေသို့ ရောက်ရှိလာခဲ့ကာ ရခိုင်အပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ထိုသို့လာရောက်လေ့လာခြင်းကို
ကျေးဇူးတင်ကြောင်း ဒုတိယသမ္မတက ဦးစွာပြောကြားကာ ယင်းနောက်
နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ်
အတွင်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များနှင့် လက်ရှိအစိုးရမှဆောင်ရွက်
ချက်များ၊ လိုအပ်ချက်များကို ဗွီဒီယိုမှတ်တမ်းများနှင့်တကွ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂ အဖွဲအစည်းဆိုင်ရာ မြန်မာနိုင်ငံနိုင်ငံဌာနေ ကိုယ်စားလှယ်က ဦးစွာ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး သူ၏
ထင်မြင်ယူဆချက်များနှင့် ဖြစ်သင့်သည်များကို ရှင်းလင်းတင်ပြပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန် သံအမတ်များကလည်း လာရောက်ရခြင်း အကြောင်းများကို အကျဉ်းမျှ ပြောကြားသွားခဲ့ကြောင်း သိရသည်။

ထို့နောက် မင်းပြားမြို့နယ်ရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းဖြစ်သည့် စပါးလေ၊ ကျောက်တော်မြို့နယ်ရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းဖြစ်သည့်
တောင်ဘွေ၊ မောင်တောမြို့နယ်ရှိ မီးလောင်ပျက်စီးသွားသော ရခိုင်ရွာများဖြစ်သည့် မောရ၀တီ၊ ရွှေရင်အေးနှင့် သရေကုန်းဘောင်ရွာများသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံနုတ်ဆက်ခဲ့ကြောင်းနှင့် မေးမြန်းချက်များကို ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပေါက်တောမြို့နယ်ရှိ ကြယ်နီပြင်ကျေးရွာနှင့် စစ်တွေမြို့နယ်ရှိ အုန်းတောကြီး ကယ်ဆယ်ရေးစခန်း၊ အုန်းတော်ကြီးနှင့်
မင်းဂံ၊ ဒုံးတိုက်ကွင်းများသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်း
လည်း သိရှိရပါသည်။

Eleven Media Groupမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံ အမတ်များ ဒီဇင် ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေး စခန်း များသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရဲချုပ်ကျော်ကျာ်ထွန်း၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အပါအ၀င် နိုင်ငံခြားသံအမတ် ၅ ဦးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါလာပြီး နံနက်ပိုင်းတွင် စစ်တွေသို့  ရောက်ရှိ လာခဲ့ကာ ရခိုင်အပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ထိုသို့လာရောက်လေ့လာခြင်းကိုကျေးဇူးတင်ကြောင်း ဒုတိယသမ္မတက ဦးစွာပြောကြားကာ ယင်းနောက်နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များနှင့် လက်ရှိအစိုးရမှဆောင်ရွက်ချက်များ၊ လိုအပ်ချက်များကို ဗွီဒီယိုမှတ်တမ်းများနှင့်တကွ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂ အဖွဲအစည်းဆိုင်ရာ မြန်မာနိုင်ငံနိုင်ငံဌာနေ ကိုယ်စားလှယ်က ဦးစွာ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး သူ၏
ထင်မြင်ယူဆချက်များနှင့် ဖြစ်သင့်သည်များကို ရှင်းလင်းတင်ပြပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန် သံအမတ်များကလည်း လာရောက်ရခြင်း အကြောင်းများကို အကျဉ်းမျှ ပြောကြားသွားခဲ့ကြောင်း သိရသည်။

ထို့နောက် မင်းပြားမြို့နယ်ရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းဖြစ်သည့် စပါးလေ၊ ကျောက်တော်မြို့နယ်ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းဖြစ်သည့်တောင်ဘွေ၊ မောင်တောမြို့နယ်ရှိ မီးလောင်ပျက်စီးသွားသော ရခိုင်ရွာများဖြစ် သည့် မောရ၀တီ၊ ရွှေရင်အေးနှင့် သရေကုန်းဘောင်ရွာများသို့ သွားရောက်ကာ ဒေသခံ များနှင့် တွေ့ဆုံနုတ်ဆက် ခဲ့ကြောင်းနှင့် မေးမြန်း ချက်များ ကို ပြုလုပ် ခဲ့ကြောင်းလည်း သိရှိရပါသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပေါက်တောမြို့နယ်ရှိ ကြယ်နီပြင်ကျေးရွာနှင့် စစ်တွေမြို့နယ်ရှိ အုန်းတောကြီး ကယ်ဆယ်ရေးစခန်း၊ အုန်းတော်ကြီးနှင့်မင်းဂံ၊ ဒုံးတိုက်ကွင်းများသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment