Friday, December 28, 2012

၂၀၁၃ တွင်ထွက်ရှိနိုင်မည့် iPhone စမတ်နာရီ

Photo: ၂၀၁၃ တွင်ထွက်ရှိနိုင်မည့် iPhone စမတ်နာရီ
Friday, December 28, 2012

Smartwatch ထုတ်လုပ်တဲ့ ကုမ္မဏီတွေ သိပ်အများကြီးမရှိပေမယ့် Apple ကလည်း Intel နဲ့ ပူးပေါင်းလို့ Smartwatch ထုတ်လုပ်တော့မယ်လို့ ဆိုပါ တယ်။

ဒီဂျစ်တယ်နာရီနဲ့ စမတ်နာရီက ကွာပါတယ်။ စမတ်နာရီက စမတ်ဖုန်းလိုပဲ Function တော်တော်စုံစုံလင်လင်ပါရှိတာမျိုး ဖြစ်ပါတယ်။ ဥပမာ အခု သတင်းထွက်နေတဲ့ iPhone နဲ့ချိတ်ဆက်သုံးရမယ့် စမတ်နာရီဆိုရင် Bluetooth ပါမယ်၊ wi-fi ပါမယ်။ ဖုန်းက Message ကို အလွယ်တကူ ဖတ် လို့ ရမယ်။ touch screen ဖြစ်တာကြောင့် စာပြန်ရိုက်ပြန်နိုင်မယ်။ Siri ပါတဲ့ အတွက် အသံထွက်ပြီးတော့လည်း ရိုက်နိုင်ပါတယ်။ Facebook, Twitter တို့လို Social Network တွေကိုလည်း အလွယ်တကူ အသုံးပြု လို့ ရပါမယ်။

ဖုန်းထုတ်ပြီး စကားပြောမယ့်အစား စမတ်နာရီကို ကြားခံအဖြစ် သုံးမယ်။ နာရီ ကြည့်ဖို့တင်မကပဲ iPhone ရဲ့  ကိုယ်ခွဲ တစ်ခုအနေနဲ့ သွားလေ ရာ ဆောင်လို့ လက်မှာ ပတ်ထားရမယ့် အီလက်ထရောနစ် Gadget ကောင်း တစ်ခု ဖြစ်ပါတယ်။

Intel နဲ့ Apple တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ကာလတန်းဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ပဲရှိမယ်လို့ ဆိုပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတယ်လို့ လည်း တရုတ်အခြေဆိုက် သတင်းဌာနအချို့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သို့ပေမယ့် ၂၀၁၃ မှာ တကယ်ထွက်ရှိ၊မထွက်ရှိကတော့ မကြာမီကာလ အတွင်း Apple က တရားဝင်ကြေညာသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)
TechSpace JournalSmartwatch ထုတ်လုပ်တဲ့ ကုမ္မဏီတွေ သိပ်အများကြီးမရှိပေမယ့် Apple ကလည်း Intel နဲ့ ပူးပေါင်းလို့ Smartwatch ထုတ်လုပ်တော့ မယ်လို့ ဆိုပါ တယ်။ဒီဂျစ်တယ်နာရီနဲ့ စမတ်နာရီက ကွာပါတယ်။ စမတ်နာရီက စမတ်ဖုန်းလိုပဲ Function တော်တော် စုံစုံလင်လင် ပါရှိ တာမျိုး ဖြစ်ပါတယ်။ ဥပမာ အခု သတင်းထွက်နေတဲ့ iPhone နဲ့ချိတ် ဆက်သုံးရမယ့် စမတ်နာရီဆိုရင် Bluetooth ပါမယ်၊ wi-fi ပါမယ်။ ဖုန်းက Message ကို အလွယ်တကူ ဖတ် လို့ရမယ်။ touch screen ဖြစ် တာကြောင့် စာပြန်ရိုက်ပြန်နိုင်မယ်။ Siri ပါတဲ့ အတွက် အသံထွက်ပြီးတော့လည်း ရိုက်နိုင်ပါတယ်။ Facebook, Twitter တို့လို Social Network တွေကိုလည်း အလွယ်တကူ အသုံးပြု လို့ ရပါမယ်။

ဖုန်းထုတ်ပြီး စကားပြောမယ့်အစား စမတ်နာရီကို ကြားခံအဖြစ် သုံးမယ်။ နာရီ ကြည့်ဖို့တင်မကပဲ iPhone ရဲ့  ကိုယ်ခွဲ တစ်ခုအနေနဲ့ သွားလေ ရာ ဆောင်လို့ လက်မှာ ပတ်ထားရမယ့် အီလက်ထရောနစ် Gadget  ကောင်း တစ်ခု ဖြစ်ပါတယ်။

Intel နဲ့ Apple တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ကာလတန်းဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ပဲရှိမယ်လို့ ဆိုပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ တယ်လို့ လည်း တရုတ်အခြေဆိုက် သတင်းဌာနအချို့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သို့ပေမယ့် ၂၀၁၃ မှာ တကယ်ထွက်ရှိ၊မထွက်ရှိကတော့ မကြာမီကာလ အတွင်း Apple က တရား ဝင်ကြေ ညာသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: slashgear
TechSpace Journal

No comments:

Post a Comment