Friday, December 21, 2012

ဖုန်းအရောင်းဆိုင် များ၌ Sim Card များ အရောင်းပိတ်ထား

ဖုန်းအရောင်းဆိုင် များ၌ Sim Card များ အရောင်းပိတ်ထား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ဖုန်း Sim Card များ ရောင်းချမှုကို ခေတ္တ ပိတ်ထား တယ်လို့  E-Life Tech မှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက်
အရ သိရပါတယ်။  အခုလို အရောင်းပိတ် ထားမှုကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့လောက် ကစတင် ရပ်နားထား တာဖြစ်ပါတယ်။ ဒီလို ခေတ္တ ရပ်ထားတာဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေး ထားတဲ့ ကျပ် ၂ သိန်းနဲ့ ၂ သိန်းခွဲတန် Sim Card တွေကို ပြန်လည်ပြီး အပ်နှံဖို့ အတွက် အရောင်း ကိုယ်စားလှယ်တွေထံ အသိပေး ခဲ့တာကြောင့် ဖြစ်ပါတယ်။
 
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း အခုလိုဖုန်း Sim Card တွေကို ပြန်လည် သိမ်းယူရ တာဟာ လာမယ့် နှစ်ဆန်းပိုင်းမှာ တန်ဖိုးနည်းဖုန်း များကို ရောင်းချပေး တော့မှာ ဖြစ်လို့ ဈေးကွက် အတွင်း Sim Card လက်ကျန်တွေ ဖြစ်ပေါ်ကာ အရောင်းအ၀ယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ် လာမှာ စိုးတဲ့ အတွက် ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အရောင်း ကိုယ်စားလှယ် ရယူထားတဲ့ သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီး ကလည်း မိမိတို့ မြို့နယ်၊ ဒေသအလိုက် ရောင်းချရမှု မရှိသေးတဲ့ Sim Card တွေကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ အချိန်မီ ပြန်လည် အပ်နှံရမှာ ဖြစ်တယ်လို့ သိရပါတယ်။MRTV 4
ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ဖုန်း Sim Card များ ရောင်းချမှုကို ခေတ္တ ပိတ်ထား တယ်လို့ E-Life Tech မှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ အခုလို အရောင်း ပိတ်ထားမှုကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့လောက် ကစတင် ရပ်နားထားတာဖြစ်ပါတယ်။ ဒီလို ခေတ္တ ရပ်ထားတာဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေးထားတဲ့ ကျပ် ၂ သိန်းနဲ့ ၂ သိန်း ခွဲတန် Sim Card တွေကို ပြန်လည်ပြီး အပ်နှံဖို့အတွက် အရောင်းကိုယ်စားလှယ်တွေထံ အသိပေး ခဲ့တာကြောင့် ဖြစ်ပါတယ်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း အခုလိုဖုန်း Sim Card တွေကို ပြန်လည် သိမ်းယူရ တာဟာ လာမယ့် နှစ်ဆန်းပိုင်းမှာ တန်ဖိုးနည်းဖုန်း များကို ရောင်းချပေး တော့မှာ ဖြစ်လို့ ဈေးကွက် အတွင်း Sim Card လက်ကျန်တွေ ဖြစ်ပေါ်ကာ အရောင်းအ၀ယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ် လာမှာ စိုးတဲ့ အတွက် ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အရောင်း ကိုယ်စားလှယ် ရယူထားတဲ့ သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီး ကလည်း မိမိတို့ မြို့နယ်၊ ဒေသအလိုက် ရောင်းချရမှု မရှိသေးတဲ့ Sim Card တွေကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ အချိန်မီ ပြန်လည် အပ်နှံ ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV 4

No comments:

Post a Comment