Monday, December 24, 2012

မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး Suzuki ကုမ္ပဏီက ပြည်တွင်းမှာ ကားကုမ္ပဏီ တစ်ခု တည်ထောင်မည်ဟု ဆို

ဂျပန်ကား ကုမ္ပဏီ Suzuki အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ ရင်းနှီး မြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံရာမှာ သီလဝါ အထူး စီးပွားရေးဇုန်မှာ မြှုပ်နှံဖို့ ကြိုတင်လျာ ထားတွက်ချက် ပြင်ဆင်နေ ပေ မယ့်လည်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် MIC ကို လျှောက်ထားတဲ့ စာရင်းများအရ တရားဝင်လာရောက် လျှောက်ထားမှု မရှိသေးဘူးလို့လည်းဆိုပါတယ်။  “သီလဝါ အထူး စီးပွားရေး ဇုန်မှာ Suzuki ကုမ္ပဏီ အနေနဲ့ invest လုပ်ဖို့ ပြင်ဆင် နေ တာတော့ ရှိတယ်။ MIC ကိုတော့ တရားဝင် လျှောက်ထားတာ မရှိသေးဘူး။ မြှုပ်နှံဖို့အတွက် ကြိုတင်လျာထားတွက်ချက် ပြင်ဆင် နေ တာတော့ ရှိတယ်။ အားလုံးက MIC ကို ရောက်မှပဲ တရားဝင် ဖြစ်မှာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပြခဲ့ပါတယ်။ လက်ရှိမှာ Suzuki ကုမ္ပဏီအနေနဲ့ မြန်မာ ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ကားစက်ရုံတည်ထောင်ဖို့် ကြိုတင် ပြင် ဆင် နေတယ်လို့လည်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့ ကုန်သွယ် လုပ်ငန်းရှင်များ အသင်းဝင် ကားလုပ်ငန်းရှင် များထံမှ သိရပါတယ်။
“ကျွန်တော်တို့ ကြားထား တာကတော့ ပြည်တွင်းက ကားထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုနဲ့ တွဲလုပ်ဖို့ ပြင်နေ တယ်လို့ ကြားတယ်။ ကုမ္ပဏီ အမည်ကို အတိ အကျ မပြောနိုင်ပေမယ့် ကြားသိထားတဲ့ အရ ဆိုရင်တော့ အားမာန်သစ် ကုမ္ပဏီလို့တော့ အကြမ်းဖျင်း ကြားထားတယ်။ အတိအကျတော့ မသိရ သေးပါဘူး။ တရားဝင် လျှောက်ထားတယ်လို့တော့ မကြားသေးဘူး” ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့ ကုန်သွယ် လုပ်ငန်းရှင်များအသင်းဝင် ကားလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။ သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်း ကိုလည်း ဂျပန်နိုင်ငံက ကုမ္ပဏီများ စုဖွဲ့ထားတဲ့ အဖွဲ့နဲ့ မြန်မာနိုင်ငံ က ကုမ္ပဏီများ စုဖွဲ့ထားတဲ့ အဖွဲ့တို့ပူးပေါင်းပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမ လေးလပတ်အတွင်း စတင်အကောင် အထည် ဖော်မယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက အတည်ပြု ပြောကြား ခဲ့လို့ သိရပါတယ်။
Ref : Yatanarpon

No comments:

Post a Comment