Tuesday, January 8, 2013

ATM ငွေထုတ်စက်ရှိရာ (၄၅) နေရာတွင် ငွေထုတ်ယူ အသုံးပြုနိုင်

နိုင်ငံတကာတွင် အသုံးပြု နိုင်သော ငွေပေးချေမှု ကတ်ဖြစ်သည့် ဗီဇာကတ်စနစ်ကို မြန်မာ နိုင်ငံတွင် စတင် အသုံးပြု နိုင်ပြီ ဖြစ်ရာ ATM ငွေထုတ် စက်ရှိရာ (၄၅) နေရာ တိုးချဲ့ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရ သည်။  ယင်းကတ် စတင်သုံးစွဲနိုင်ခြင်းကို CB Bank တွင်အသုံးပြု နိုင်ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင် သုံးစွဲနိုင်ခြင်း ဖြစ်ပြီး သမဝါယမဘဏ်၏ ATM ငွေထုတ်စက်များ တွင်သာ စတင် အသုံးပြု နိုင်ပြီ ဖြစ်သည်။ ယင်းသို့ အသုံးပြု
ရာတွင် နိုင်ငံခြားသား ဧည့်သည်များအတွက် စတင် အသုံးပြု နိုင်ခြင်း ဖြစ်ပြီး Visa ကတ်ဖြင့် တစ်နေ့လျှင် ငွေကျပ်ဆယ်သိန်း ထုတ်ယူနိုင်မည် ဖြစ်သည်။ ယင်းသို့ အသုံးပြုလာ နိုင်သောကြောင့် ပြည်တွင်းသို့လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအနေဖြင့် ငွေသားကိုင်ဆောင်လာရန် မလိုတော့ဘဲ အသုံးပြု နိုင်မည် ဖြစ်သည်ဟု သိရ သည်။ ပြည်တွင်းသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ဧည့်သည်များအနေဖြင့် ဗီဇာကတ်စနစ်ကို စတင်အသုံးပြု နိုင်ပြီ ဖြစ်ရာ ယခင်က CB Bank မှ ATM ငွေထုတ်စက် (၄) ခုတွင်သာ အသုံးပြု နိုင်ခဲ့ပြီး လက်ရှိတွင် ငွေထုတ်စက် (၄၅)လုံးတွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သမဝါယမ ဘဏ် CB ဘဏ်မှ သိရ သည်။
“ဒီမှာက အရင်ကတည်းက ငွေပေး ချေရေးမှာ နိုင်ငံတကာနဲ့ ဆောင်ရွက်တဲ့ အခါမှာ အခက်အခဲတွေ ရှိခဲ့ တယ်။ ဒီကိုလာတဲ့ နိုင်ငံခြားသား တွေဆို ရင် ဒေါ်လာတွေကို အများကြီး ငွေသားတွေ ကိုင်လာရတယ်။ အခုဆိုရင် ဗီဇာကတ်တွေသုံးလို့ ရပြီဆိုတော့ ပိုပြီးအဆင်ပြေ တာပေါ့” ဟု ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကဆိုပါသည်။ လက်ရှိတွင် Master ကတ်ကို CB Bank ၏ ATM စက်များတွင် အသုံးပြုနိုင်ပြီး Master Card သုံးရာတွင် Mastero နှင့် Cirrus များလည်း အသုံးပြု နိုင်သည်။ ယင်းအပြင် JCB ကတ်များတွင် Cirrus တံဆိပ် ပါဝင်ပါက CB Bank ၏ စက်များတွင် အသုံးပြု နိုင် သည်ဟုလည်း သိရသည်။ လက်ရှိ ပြည်တွင်းတွင် အသုံးပြု နိုင်ပြီ ဖြစ်သည့် ပြည်ပမှ ငွေပေး ချေရေးကတ် ဖြစ်သည့် Master ကတ် အသုံးပြုခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင် အသုံးပြု နိုင်ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ လာရောက်သော နိုင်ငံခြားသား ဧည့်သည်များမှ  Master Card, Maestro Card, Cirrus Card ကိုင်ဆောင် အသုံးပြုသူ များသည် ပြည်တွင်း CB Bank များ၏ ATM စက်များတွင် မြန်မာငွေ ထုတ်ယူ နိုင်မည် ဖြစ်သည်။
Ref : yatanarpon

No comments:

Post a Comment