Monday, January 21, 2013

တူရကီ် နိုင်ငံတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်စပ်သူ ၈၅ ဦးအား ဖမ်းဆီး

Photo: တူရကီ် နိုင်ငံတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်စပ်သူ ၈၅ ဦးအား ဖမ်းဆီး
Monday, January 21, 2013

တူရကီ ရဲတပ်ဖွဲ့သည် တရားမဝင် လက်ဝဲဝါဒီ အဖွဲ့တစ်ဖွဲ့နှင့် ဆက်စပ်လျက် ရှိသူများအား ဖြိုခွင်းရန် အတွက် အစ္စတန်ဘူလ်၊ အန်ကာရာနှင့် အစ်ဇမမြို့များ အပါအဝင် မြို့ကြီး ခုနစ်မြို့၌ ရှာဖွေ ဖမ်းဆီးခဲ့ရာ လူပေါင်း ၈၅ ဦး ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခြင်း ခံခဲ့ရသော သူများတွင် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် တော်လှန်သော ပြည်သူ့ လွတ်မြောက်ရေး တပ်ဦးနှင့် ပူးပေါင်း ခဲ့ကြသည့် ရှေ့နေများ ပါဝင် ခဲ့ကြကြောင်း Today's Zaman သတင်း စာ၏ ထုတ်ပြန်ချက် အရ သိရသည်။

တော်လှန်သော ပြည်သူ့ လွတ်မြောက်ရေး တပ်ဦးသည် တူရကီ နိုင်ငံ
အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ၎င်းအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်သူ များကို ရှာဖွေ ဖမ်းဆီး ရာတွင် တူရကီ အထူး တပ်ဖွဲ့နှင့် အဓိကရုဏ်း နှိမ်နင်းရေး 
တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ဝဝဝ ခန့် ပါဝင်ခဲ့ သည်ဟု သိရသည်။

မြ၀တီ
တူရကီရဲတပ်ဖွဲ့သည် တရားမဝင် လက်ဝဲဝါဒီအဖွဲ့တစ်ဖွဲ့နှင့် ဆက်စပ် လျက်ရှိသူများအားဖြိုခွင်းရန်အတွက် အစ္စတန်ဘူလ်၊ အန်ကာရာနှင့် အစ်ဇမမြို့များအပါအဝင် မြို့ကြီးခုနစ်မြို့၌ ရှာဖွေဖမ်းဆီးခဲ့ရာ လူပေါင်း ၈၅ ဦး ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခြင်းခံခဲ့ရသောသူများတွင် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် တော်လှန်သော ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးနှင့် ပူးပေါင်းခဲ့ကြသည့် ရှေ့နေများပါဝင်ခဲ့ကြကြောင်း Today's Zaman သတင်း စာ၏ ထုတ်ပြန်ချက်အရသိရသည်။

တော်လှန်သော ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် တူရကီ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှု များကိုလုပ်ဆောင်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သူများကို ရှာဖွေဖမ်းဆီး ရာတွင်တူရကီ အထူးတပ်ဖွဲ့နှင့် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ဝဝဝ ခန့်ပါဝင်ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment