Wednesday, January 30, 2013

လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားသင့်ကြောင်း လယ်ဆည်ဝန်ကြီး အကြံပြု


လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင် နည်းကို မျှဝေရင်း လယ်သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စားသင့်ေ ကြာင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။
“ယခင်ရှိရင်းစွဲ အကြွေးတွေကိုလည်း စားစရာမရှိ လျော်စရာရှိ ဆိုသလိုပေါ့။ ငါ့အကြွေးမြန်မြန် ကျေအောင် ထမင်း တစ်နပ်လျှော့စားမယ်။ ဒီလိုဆို တစ်လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ။ ခြောက်လပြည့် ဘယ်ေ လာက် ဆပ်နိုင်မလဲ။ ငါ့မိသားစုနှင့်အတူ လျှော့စားမယ်။ ဥပုသ်စောင့်တဲ့ သဘောပေါ့။ ကုသိုလ်လည်းရ၊ ၀မ်း လည်း ၀ပေါ့။ ဥပုသ်စောင့်မယ်ဆိုတဲ့ စိတ်နဲ့ဆို အကြွေးကျေသွားမယ်။ အကြွေးမကျေရင် သံသရာ ထဲက မလွတ်နိုင်ဘူး။ နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားရန် အကြံပေးခြင်းထက် ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့် ထို့ ထက်ကောင်းမွန်သော နည်းလမ်းကောင်းများ ရှာပေးသင့်ကြောင်း မြန်မာနိုင်ငံဆန် စပါးလုပ် ငန်းအ သင်းမှ တာဝန်ရှိ သူများကဆိုသည်။
“အကြွေးကျေဖို့ဆိုရင် ထမင်းတစ်နပ် လျှော့စားရုံတင်မကဘူး။ ဆန်ပြုတ်သောက်ဆိုရင်လည်းသောက်မယ်” ဟု ဓနုဖြူမြို့နယ် နှဲကျိုးကျေးရွာအုပ်စုမှ လယ်သမားကြီး ဦးသိန်းအောင်ကလည်း ဆိုသည်။
လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည်ပြန်ဆပ်မှသာ လာမည့် မိုးရာသီ တွင် တစ်ဧကကို ကျပ်တစ်သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေမှတ် ပုံတင်ကို လည်း အကြွေးကျေမှ ထောက်ခံပေးမည်ဟု သတင်းရရှိသည်။
“ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျွန်တော် ဆရာဦးမောင်အေးဆီသွားတော့ သံသရာကြွေးမပါအောင် လယ်သ မားတွေ ဒုက္ခမရောက်အောင်လုပ်ဖို့ ပြောလိုက်တယ်” ဟု ဦးမြင့်လှိုင်ကဆိုသည်။
ပြည်ထောင်စုဝန်ကြီးက ကြွေးကင်းစွာနေထိုင်နိုင်ခဲ့သော ၎င်း၏ ငယ်ဘ၀အကြောင်းကို လယ်သမား များ အား ရှင်းပြသည်။ ထို့အပြင် ကြွေးကင်းသူများဖြစ်အောင်လည်း လယ်သမားများကို တိုက်တွန်းခဲ့သည်။
ကုမ္ပဏီ များ၏ အကြွေးနှင့်ပတ်သက်၍လည်း အကျေအလည်ပြန်ပေးဆပ်ရန် လယ်သမားများကို ပြောကြား ခဲ့ သည်။ သို့မှသာ စေတနာဖြင့် လယ်သမားများ အကျိုးလာရောက် ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင် များ အတွက် ပိုအဆင်ပြေ လုပ်နိုင်ကိုင်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
“တောင်သူများအတွက် ဖြစ်နိုင်ရင် ၀င်ဆပ်ပေးချင်တယ်။ လယ်သမားတွေ ဆင်းရဲတာ ကျွန်တော်လည်း စိတ်မ ချမ်း သာဘူး” ဟု ဦးမြင့်လှိုင်ကဆိုသည်။
လယ်သမားများ အကြွေးကျေ၍ လယ်ယာမြေမှတ်ပုံတင်ရရှိပါက ဘဏ်များ၌ လယ်ယာမြေပေါင်နှံနိုင်ရန် ထောက် ခံပေး မည်ဟုလည်း ပြောကြားသည်။
လယ်ယာမြေကို ဘဏ်များ၌ ပေါင်နှံခွင့်ရမည်ဆိုပါက ဒေသပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းခန့် ချေးခွင့်ရရန် ထောက် ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။
“နေပြည်တော်က လယ်တွေဆို တစ်ဧက ကျပ်သိန်း ၁၀၀ လောက်ရတယ်။ အဓိက လယ်တွေကို မြေပြင်ဖို့ လိုတယ်” ဟု ဦးမြင့်လှိုင်က လယ်သမားများအား ပြောကြားသည်။
လက်ရှိအချိန်တွင် လယ်မြေပြုပြင်မှုစရိတ်မှာ တစ်ဧကလျှင် ကျပ်သိန်းများစွာ ကုန်ကျသောကြောင့် လယ် သ မား အများစုမှာ မပြုလုပ်နိုင်ကြပေ။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေရယူထားသော ဧရာဝတီတိုင်းဒေသကြီးမှ လယ်သ မားများ မှာ အကြွေးပြန်ဆပ်ငွေ အပြည့်အ၀ရခဲ့ပြီး ယခုနှစ်အတွက်မူ စိုက်ပျိုးစရိတ်များ မသိမ်းရသေး၍ မသိ ရေ သးကြောင်းလည်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် ဆန်စပါး အထူးပြု ကုမ္ပဏီ များမှ ချေးငွေများကိုမူ ဧရာဝတီတိုင်းဒေသကြီးရှိ ဓနုဖြူမြို့ နယ်မှ လယ်သမားများ ပြန်ပေး ဆပ်နိုင် မှု မှာ ယခုနှစ်တွင် ၆၀ ရာခိုင်နှုန်း ၀န်းကျင်သာ ရှိသေးကြောင်းလည်း သတင်းရရှိသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7 Day News Journal

1 comment:

  1. တောင် သူလယ်သမားတွေထမင်းတနပ်
    မစားပဲနေပါမယ်စစ်သားတွေလည်းစစ်တန်း
    လျားကိုပြန်ပါ။စစ်တပ်စီးပွားရေးမလုပ်ပဲနေ
    ပါကြံခိုင်ရေးကနာမည်ပြောင်းတွေနဲ့လုပ်ထား
    တဲ့စီးပွားရေးလုပ်ငန်းတွေနိုင် ငံတော်ကိုပြန်
    လည်အပ်ပါ။လူဝတ်လဲအသွင်ပြောင်းတွေ
    လစာနှစ်မျိုးခံစားသူတွေပင် စင် လစာနဲ့
    အေးအေးနေကြပါ။အုပ်ချုပ်ရေးပိုင်းနဲ့ဝန်ကြီး
    ဌာန တွေက နေဖယ် ရှားပေးပါ။နိုင် ငံတော်
    ဘဏ္ဌာငွေနဲ့သယံဇာတများပျက်စီးလေလွင့်
    စေသူများကိုဥပဒေအရအ ရေးယူပေးရပါ
    မည်။

    ReplyDelete