Friday, January 4, 2013

၂၀၁၃ ခုနှစ်မှစတင်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသားများအား လုပ်ငန်းခွင်အတွေ့အကြုံ ရရှိနိုင်စေရန် စီစဉ်နေ

၂၀၁၃ ခုနှစ်မှစတင်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသားများအား လုပ်ငန်းခွင်အတွေ့အကြုံ ရရှိနိုင်စေရန် စီစဉ်နေ
.............................................................................................
၂၀၁၃ ခုနှစ်မှစတင်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသားများအား လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရန် သက်ဆိုင်ရာကုမ္ပဏီများတွင် လုပ်ငန်းခွင်အလုပ်အကိုင်များ ပေးအပ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှ သတင်းရရှိသည်။
အဆိုပါ လုပ်ငန်းခွင်အတွေ့အကြုံများ ပေးအပ်သွားရာတွင် ကျောင်းသားများအနေဖြင့် မိမိနှင့်သက်ဆိုင်သည့် ဘာသာရပ်များအလိုက် လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရန် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ ကုမ္ပဏီများတွင် လုပ်ငန်းခွင်အတွေ့အကြုံများ ပေးအပ်သွားနိုင်ရန် လက်ရှိတွင် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ကျောင်းသားတွေက ထောင်ချီပြီး ရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ခေါ်နိုင်ပါ့မလားဆိုတာ တိုင်ပင်နေတုန်းပါ။ အကုန်လုံးကို ခေါ်နိုင်ရင်လည်း ခေါ်မယ်၊ ဒါမှမဟုတ်ရင်လည်း ပုံစံတစ်မျိုး စီစဉ်ရပါမယ်။ လုပ်ငန်းခွင် အတွေ့အကြုံရအောင်၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံ ရအောင်လို့ပါ။ ၀န်ထမ်းအချင်းချင်း ပူးပေါင်းလုပ်ဆောင်တာတွေ စသဖြင့် ဆိုင်ရာလုပ်ငန်းခွင်တွေမှာ အတွေ့အကြုံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲကုမ္ပဏီလိုမျိုးမှာဆိုရင် ရှိပြီးသားဝန်ထမ်းတွေနဲ့တင် ပြည့်နှက်နေပြီဖြစ်လို့ အခက်အခဲ ရှိနိုင်ပါတယ်။ စက်တစ်လုံး၊ နေရာတစ်နေရာ ပေးရမှာဖြစ်လို့ စီစဉ်ပေးရမှာတွေ ရှိတယ်။ ဒါတွေကို ဆွေးနွေးတိုင်ပင်နေပါတယ်" ဟု ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးကပြော ကြားခဲ့သည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသားများအား လုပ်ငန်းခွင်အတွေ့အကြုံ ပေးအပ်ခြင်းကို ကျောင်းပိတ်ရက်ရှည်များတွင် ပြုလုပ်သွားဖွယ်ရှိပြီး အချိန်ကာလအားဖြင့် လပိုင်းကြာမြင့်နိုင်ကြောင်း သိရသည်။
ထို့ပြင် ကျောင်းသားများအား ကွန်ပျူတာလုပ်ငန်းရှင်အသင်းဝင်များ၏ ကုမ္ပဏီများတွင်သာမက ပြင်ပကုမ္ပဏီများရှိ အိုင်တီလုပ်ငန်းခွင်များတွင်လည်း လုပ်ငန်းခွင်အတွေ့အကြုံများ ပေးအပ်သွားနိုင်ရန်အတွက် ပြင်ပကုမ္ပဏီများကို ကမ်းလှမ်းမှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။EMG FB CP


၂၀၁၃ ခုနှစ်မှစတင်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသားများအား လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရန် သက်ဆိုင်ရာကုမ္ပဏီများတွင် လုပ်ငန်းခွင်အလုပ်အကိုင်များ ပေးအပ်သွားနိုင်ရန် စီစဉ် လျက် ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှ သတင်းရရှိသည်။
အဆိုပါ လုပ်ငန်းခွင်အတွေ့အကြုံများ ပေးအပ်သွားရာတွင် ကျောင်းသားများအနေဖြင့် မိမိနှင့် သက် ဆိုင်သည့် ဘာသာရပ်များအလိုက် လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရန် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်း၏ ကုမ္ပဏီများတွင် လုပ်ငန်းခွင်အတွေ့အကြုံများ ပေးအပ်သွားနိုင်ရန် လက်ရှိ တွင် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ကျောင်းသားတွေက ထောင်ချီပြီး ရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ခေါ်နိုင်ပါ့မလားဆိုတာ တိုင်ပင်နေ တုန်းပါ။ အကုန်လုံးကို ခေါ်နိုင်ရင်လည်း ခေါ်မယ်၊ ဒါမှမဟုတ်ရင်လည်း ပုံစံတစ်မျိုး စီစဉ်ရပါမယ်။ လုပ်ငန်းခွင် အတွေ့အကြုံရအောင်၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံ ရအောင်လို့ပါ။ ၀န်ထမ်းအချင်းချင်း ပူးပေါင်းလုပ်ဆောင်တာတွေ စသဖြင့် ဆိုင်ရာလုပ်ငန်းခွင်တွေမှာ အတွေ့အကြုံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲကုမ္ပဏီလိုမျိုးမှာဆိုရင် ရှိပြီးသား ၀န်ထမ်းတွေ နဲ့တင် ပြည့်နှက်နေပြီဖြစ်လို့ အခက်အခဲ ရှိနိုင်ပါတယ်။ စက်တစ်လုံး၊ နေရာတစ်နေရာ ပေးရမှာဖြစ်လို့ စီစဉ်ပေးရမှာတွေ ရှိတယ်။ ဒါတွေကို ဆွေးနွေးတိုင်ပင်နေပါတယ်" ဟု ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးကပြော ကြားခဲ့သည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသားများအား လုပ်ငန်းခွင် အတွေ့ အကြုံ ပေး အပ်ခြင်း ကို ကျောင်းပိတ်ရက်ရှည်များတွင် ပြုလုပ်သွားဖွယ်ရှိပြီး အချိန်ကာလအားဖြင့် လပိုင်း ကြာမြင့်နိုင်ကြောင်း သိရသည်။
ထို့ပြင် ကျောင်းသားများအား ကွန်ပျူတာလုပ်ငန်းရှင်အသင်းဝင်များ၏ ကုမ္ပဏီများ တွင် သာမက ပြင်ပကုမ္ပဏီများရှိ အိုင်တီလုပ်ငန်းခွင်များတွင်လည်း လုပ်ငန်းခွင် အတွေ့ အကြုံများ ပေးအပ်သွားနိုင်ရန်အတွက် ပြင်ပကုမ္ပဏီများကို ကမ်းလှမ်းမှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။
EMG FB CP

No comments:

Post a Comment