Monday, January 21, 2013

အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည်

အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည်

(၂၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁ဝ၂ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ညီလာခံအား ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားပြီး အီရန်သမ္မတ မာမွတ် အာမက် ဒီနီဂျက်မှ မိန့်ခွန်း ပြောကြားသွားမည် ဖြစ်ကြောင်း အစ္စလာမ္မစ် အသိုက်အဝန်း နီးစပ်ရေး ဆိုင်ရာ ကမ္ဘာ့ဖိုရမ် အထွေထွေ အတွင်း ရေးမှူးချုပ် Ayatollah Mohsen  Araki က ဇန်နဝါရီလ ၂ဝ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ဆွေးနွေးပွဲသို့  မွတ်စလင် ကမ္ဘာမှ သိပ္ပံဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာနှင့် ယဉ်ကျေးမှု ဆိုင်ရာ အရေးပါသူ ၃ဝဝ ခန့်နှင့် အီရန်နိုင်ငံမှ အတွေး အခေါ်ပညာရှင် ၁,ဝဝဝ ခန့် တက်ရောက်သွားမည် ဖြစ်ကြောင်း Ayatollah Araki က ပြောကြား ခဲ့ပါသည်။ (၂၅)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လတွင် တီဟီ ရန်မြို့၌  ပြုလုပ်ခဲ့ကြောင်း  သိရှိရပါသည်။

http://www.myawady.net.mm/allnews/global/item/4935-2013-01-21-15-23-39#.UP1ZQ528B8E
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အစ္စလာမ္မစ်အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁ဝ၂ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်သွားမည်ဖြစ်ကြောင်းသိရှိ ရပါသည်။
အဆိုပါညီလာခံအား ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားပြီး အီရန်သမ္မတ မာမွတ် အာမက် ဒီနီဂျက်မှမိန့်ခွန်းပြောကြားသွားမည် ဖြစ်ကြောင်း အစ္စလာမ္မစ်အသိုက်အဝန်းနီးစပ်ရေးဆိုင်ရာ ကမ္ဘာ့ဖိုရမ်အထွေထွေအတွင်း ရေးမှူးချုပ် Ayatollah Mohsen Araki က ဇန်နဝါရီလ ၂ဝ ရက် နေ့ တွင် ပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မွတ်စလင်ကမ္ဘာမှသိပ္ပံဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့်ယဉ်ကျေးမှုဆိုင်ရာ အရေးပါသူ ၃ဝဝ ခန့်နှင့် အီရန်နိုင်ငံမှအတွေးအခေါ်ပညာရှင် ၁,ဝဝဝ ခန့်တက်ရောက်သွားမည် ဖြစ်ကြောင်း Ayatollah Araki က ပြောကြားခဲ့ပါသည်။ (၂၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အစ္စလာမ္မစ်အဖွဲ့ညီလာခံအား ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လတွင် တီဟီရန်မြို့၌ ပြု လုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment