Wednesday, January 2, 2013

တရုတ် - ရုရှား ရေနံပိုက်လိုင်းသည် ၂ နှစ် အတွင်း ရေနံစိမ်း မက်ထရစ်တန် ၃ဝ သန်း တင်ပို့ခဲ့

တရုတ် - ရုရှား ရေနံပိုက်လိုင်းသည် ၎င်းလုပ်ငန်း စတင်ပြီး ၂ နှစ် အတွင်း ရေနံစိမ်း မက်ထရစ်တန် ၃ဝ သန်း တင်ပို့ခဲ့ကြောင်း တရုတ်ပိုက်လိုင်း ကုမ္ပဏီမှ ဇန်နဝါရီလ ၁ ရက် နေ့တွင် ပြောကြားခဲ့ ပါသည်။

တရုတ် နိုင်ငံ၏ လောင်စာ လိုအပ်ချက် အရ ရေနံများအား ရုရှားနိုင်ငံ၏ အရှေ့ဖျား ဒေသမှ တရုတ် နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်ကို ဖြတ်သန်း၍ တရုတ်နိုင်ငံအား ပေးပို့ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းတစ်ခု ဖြစ်ကြောင်း သိရှိရ ပါသည်။ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ် အကြား နှစ်စဉ် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံစိမ်း မက်ထရစ်တန် ၁၅ သန်းအား ၎င်းပိုက်လိုင်းမှ တင်ပို့မည် ဖြစ်ကြောင်း နှစ်နိုင်ငံ အကြား သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရှိရ ပါသည်။ တရုတ် နိုင်ငံသည် ၂ဝ၁၁ ခုနှစ်တွင် ရေနံစိမ်း မက်ထရစ် တန် ၄၅ဝ သန်း အသုံးပြု ခဲ့ကာ အဆိုပါ မက်ထရစ် တန် ၂၅ဝ သန်းမှာ နိုင်ငံခြားမှ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး  ရေနံ အသုံးပြုမှုနှင့် တင်သွင်းမှုများ ဆက်လက် မြင့်တက်လာ နိုင်ကြောင်း CNPC ၏ ဖော်ပြချက် အရ သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3431-2013-01-02-15-19-04

From..မြ၀တီ

No comments:

Post a Comment