Tuesday, January 1, 2013

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ ခံရမည်

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ 
ခံရမည်
Tuesday, 01 January 2013

သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင်
ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်းများ၊ မိဘများထံမှ အမွေပစ္စည်း
များကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူ မရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေ
ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြ
ထားသည်။တရုတ်နိုင်ငံတွင်း အသက် ၆၀ အရွယ် လူဦးရေ ၁၆၇သန်း
ရှိပြီး အသက် ၈၀ အထက် လူဦးရေ ၁ သန်း ကျော်ရှိသည်။

ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ်စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊ စောင့်ရှောက် ထိန်းသိမ်းရေး ဂေဟာများမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရား စွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်း များ၊ မိဘများထံမှ အမွေပစ္စည်းများကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူမရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် အဆိုပါ ဥပဒေပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံတွင်း အသက် ၆၀ အရွယ် လူဦးရေ ၁၆၇သန်းရှိပြီး အသက် ၈၀ အထက် လူဦးရေ ၁ သန်း ကျော်ရှိသည်။

ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ် စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊ စောင့်ရှောက် ထိန်း သိမ်းရေး ဂေ ဟာ များမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment