Wednesday, January 2, 2013

အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှု ပုံစံ ပြောင်းလဲမည်


Photo: အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှု
ပုံစံ ပြောင်းလဲမည် 
Wednesday, January 02, 2013

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှုပုံစံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း၏
ပြောကြားချက်အရ သတင်းရရှိပါသည်။

“အခွန်ထမ်းနဲ့ အခွန်ဝန်ထမ်း ထိတွေ့မှုများရင် အဂတိလိုက်စားမှု များတာတွေ့ရတယ်။ ထိတွေ့မှုနည်းလေ အဂတိလိုက်စားဖို့ ဖြစ်နိုင်ခြေ
နည်းလေပါပဲ။ ဒါကြောင့် ထိတွေ့မှုနည်းအောင် အခွန်ပေးသွင်းမှုပုံစံကို
ပြောင်းလဲမယ်။ တတ်နိုင်ရင် လုံးဝမထိတွေ့တဲ့ စနစ်ကို စဉ်းစားမယ်” ဟု ဦးမောင်မောင်သိမ်းက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အခွန်အရပ်ရပ်ရရှိမှုမှာ ဂျီဒီပီ၏ ၃ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရှိနေပြီး အခွန်ဆိုင်ရာကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုထားခြင်းများသည် အခွန်လျော့နည်းရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်နေကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ကောက်ခံနေသည့် အခွန်အမျိုးအစားပေါင်း ၁၄ မျိုးရှိပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ငါးမျိုးကောက်ခံကြောင်းနှင့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အကောက်ခွန်တို့ကို ကောက်ခံလျက်ရှိပြီး အခွန်အရပ်ရပ်၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ကောက်ခံ
လျက်ရှိကြောင်း သိရပါသည်။

အခွန်စနစ်ကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး E Taxation စနစ်ကို ဦးတည်ဆောင်ရွက်နေကာ လက်ရှိတွင် အခွန်ဆိုင်ရာ ၀န်ဆောင်မှုရုံးတစ်ရုံးကို ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရပါသည်။

လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်ကျပ် ၁၆၀၀ ဘီလျံ ကောက်ခံရရှိရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အခွန်ကျပ် ၁၅၀၀ ဘီလျံကျော်
ကောက်ခံရရှိခဲ့ပြီး လျာထားချက်ထက် ကျပ် ၃၀၀ ဘီလျံကျော် ပိုမိုခဲ့ကြောင်းနှင့် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ၏ ၄၉ ဒသမ ၉၅ ရာခိုင်နှုန်းသည် ကုန်သွယ်လုပ်ငန်းခွန်မှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် အခွန်ရှောင်သည့် စီးပွားရေးလုပ်ငန်း အများအပြား
ရှိနေဆဲဖြစ်ပြီး အခွန်ဝန်ထမ်း အသိုင်းအ၀ိုင်းအတွင်း လာဘ်ပေး
လာဘ်ယူပြုလုပ်သောကြောင့် အရေးယူမှုများလည်း ပြုလုပ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၏
ပြောကြားချက်အရ သိရပါသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၆ နှင့် ၄၇ ဖြင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ အရလည်းကောင်း အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့်ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားကြောင်း သတင်းရရှိပါသည်။ 

Eleven Media Group

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှုပုံစံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း၏ပြောကြားချက်အရ သတင်း ရရှိ ပါသည်။

“အခွန်ထမ်းနဲ့ အခွန်ဝန်ထမ်း ထိတွေ့မှုများရင် အဂတိလိုက်စားမှု များတာတွေ့ရတယ်။ ထိတွေ့မှု နည်းလေ အဂတိလိုက်စားဖို့ ဖြစ်နိုင်ခြေနည်းလေပါပဲ။ ဒါကြောင့် ထိတွေ့မှုနည်းအောင် အခွန်ပေး သွင်းမှု ပုံစံ ကိုပြောင်းလဲမယ်။ တတ်နိုင်ရင် လုံးဝမထိတွေ့တဲ့ စနစ်ကို စဉ်းစားမယ်” ဟု ဦးမောင်မောင်သိမ်း က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အခွန်အရပ်ရပ်ရရှိမှုမှာ ဂျီဒီပီ၏ ၃ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရှိနေပြီး အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုထားခြင်းများသည် အခွန်လျော့နည်းရခြင်း၏ အကြောင်း တစ် ရပ်ဖြစ်နေကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ကောက်ခံနေသည့် အခွန်အမျိုးအစားပေါင်း ၁၄ မျိုးရှိပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ငါးမျိုးကောက်ခံကြောင်းနှင့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်း ခွန်နှင့် အကောက်ခွန်တို့ကို ကောက်ခံလျက်ရှိပြီး အခွန်အရပ်ရပ်၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိကြောင်း သိရပါသည်။

အခွန်စနစ်ကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး E Taxation စနစ်ကို ဦးတည်ဆောင် ရွက်နေကာ လက်ရှိတွင် အခွန်ဆိုင်ရာ ၀န်ဆောင်မှုရုံးတစ်ရုံးကို ၂၀၁၂ ခုနှစ် အောက်တို ဘာလအတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရပါသည်။

လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်ကျပ် ၁၆၀၀ ဘီလျံ ကောက်ခံရရှိရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အခွန်ကျပ် ၁၅၀၀ ဘီလျံကျော်ကောက်ခံရရှိခဲ့ပြီး လျာထားချက်ထက် ကျပ် ၃၀၀ ဘီလျံကျော် ပိုမိုခဲ့ကြောင်းနှင့် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ၏ ၄၉ ဒသမ ၉၅ ရာခိုင်နှုန်းသည် ကုန်သွယ်လုပ်ငန်းခွန်မှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် အခွန်ရှောင်သည့် စီးပွားရေးလုပ်ငန်း အများအပြားရှိနေဆဲဖြစ်ပြီး အခွန်ဝန်ထမ်း အသိုင်းအ၀ိုင်းအတွင်း လာဘ်ပေးလာဘ်ယူပြုလုပ်သောကြောင့် အရေးယူမှုများလည်း ပြုလုပ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ပြောကြားချက်အရ သိရပါသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၆ နှင့် ၄၇ ဖြင့်လည်းကောင်း၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ အရလည်းကောင်း အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့်ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားကြောင်း သတင်းရရှိပါသည်။

Eleven Media Group

No comments:

Post a Comment