Tuesday, January 22, 2013

ကျပ်တစ်သိန်းတန်ဖုန်းများ ဈေးလျော့ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းကြောင့် ရောင်းချမည့်အချိန် ကြန့်ကြာနေရခြင်းဖြစ်

မကြာမီချထားပေးမည့် ကျပ်တစ်သိန်းတန်ဖုန်းများ ယင်းဈေးနှုန်းထက် လျော့ချပြီး ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းကြောင့် ရောင်းချမည့်အချိန် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။ ကျပ်တစ်သိန်းဝန်းကျင် GSM နှင့် WCDMA ဖုန်းများ ကို ယခုလဆန်းပိုင်းတွင် ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ကြော်ငြာ ထားသော်လည်း ယခင်ကသတ်မှတ်နှုန်းထက် လျှော့နည်းစေရန် ဈေးနှုန်းပြန်လည်ညှိနှိုင်းနေမှုများကြောင့် ယခုကဲ့သို့ အချိန်ကာလ ကြန့်ကြာနေရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါတန်ဖိုးနည်းဖုန်းဈေးနှုန်း များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့်အတိအကျ ထုတ်ပြန်ရခြင်း မရှိသေးသော်လည်း ပြင်ပ တွင် ကျပ်ရှစ်သောင်း၊ ကျပ်ငါးသောင်းနှင့်ချပေးမည်ဟူသော သတင်းများထွက်ပေါ်လျှက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချမည့် နှုန်းထားကိုသတ်မှတ်၍ သက်ဆိုင် ရာ ဝန်ကြီးဌာနသို့တင်ပြထားပြီး အဆိုပါဝန်ကြီးဌာနမှ ချမှတ်ပေးသော နှုန်းထားအတိုင်းသာ ရောင်း ချပေးသွားမည် ဖြစ်သည်ဟုသိရသည်။ “ဆင်းမ်ကတ် ရောင်းမယ့်ရက်ကအရင်သတ်မှတ် ထားတဲ့ ရက်ထက်တော့ကျော်နေပါပြီ။ ဝန်ကြီးဌာနဆီ ဈေးနှုန်းတင်ပြထားတယ်။ အဲဒီက ခွင့်ပြုတာနဲ့ မီဒီယာတွေ ကနေတဆင့် ရောင်းမယ့်ဈေးနဲ့ရက်ကို ပြောပေးသွားမှာပါ” ဟုယင်းကထပ်မံဆိုသည်။ ယခုအခါတွင် ပြင်ပ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၌ ယခင်ကျပ်နှစ်သိန်းဖြင့် ရောင်းချခဲ့သည့် ဆင်းမ်ကတ်များကို ကျပ် တစ်သိန်းဝန်းကျင်ဖြင့် ဈေးနှုန်းလျှော့ချ ရောင်းပေးခြင်းများ ရှိလာကြောင်းသိရသည်။ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ 2G, 3G ဆင်းမ်ကတ် အရေအတွက် ၁ ဒသမ ၄ သန်းကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် အကျိုးတူ ပူးပေါင်း၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment