Sunday, January 6, 2013

ဝန်ကြီးဌာန ပေါင်းစုံ အားကစား ပြိုင်ပွဲနှင့် ဆုပေးပွဲများ ကျင်းပ

၂ဝ၁၃ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုး သား)၊ ဖူဆယ် (အမျိုးသား) ဘောလုံး၊ လွန်ဆွဲ (အမျိုးသား/ အမျိုး သမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည် တော် Training Center (1) ရှိ အမှတ် (၂) ဘောလုံး ကွင်း၌ ကျင်းပသည်။
ပြိုင်ပွဲများ အပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပိုက်ကျော် ခြင်း (အမျိုးသား) ပြိုင်ပွဲနှင့် ဖူဆယ် (အမျိုး သား) ဘောလုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရ ဝန်ကြီးဌာန အသင်းများအား လည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးသောင်းထိုက် က အမျိုးသား လွန်ဆွဲ ပြိုင်ပွဲနှင့် အားကစားနှင့် ကာယပညာ ဦးစီး ဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်က အမျိုးသမီး လွန်ဆွဲ ပြိုင်ပွဲတို့တွင် ဆုရ ဝန်ကြီးဌာန အသင်းများအား လည်း ကောင်း တစ်ဦးချင်း ဆုတံဆိပ် များနှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။

ယင်းနောက် မြန်မာ နိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဥမ္မာသန်း နှင့် အမှုဆောင် ဦးလှမိုး တို့က လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ ဆုရ ဝန်ကြီးဌာန ကိုယ်စားပြု အသင်းများအား မြန်မာ နိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ်က ချီးမြှင့်ငွေများ ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲ အားကစား ပြိုင်ပွဲများ ကျင်းပလျက် ရှိသည့် နေပြည်တော် အမှတ်(၅) အခြေခံ ပညာ အထက် တန်း ကျောင်းနှင့် အမှတ်(၆) အခြေခံ ပညာ အထက်တန်း ကျောင်းများသို့ သွားရောက် ကြည့်ရှု အားပေးကာ ဆုများ ချီးမြှင့် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment