မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသော
ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌
ဆိုးလ် မြို့တော်တွင် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါး ရက်ကြာ
အလည်အပတ်ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။
ပက်ဂျွန်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ ၂၉ရက် တွင်တွေ့ဆုံဖွယ် ရှိကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးကို ကိုးကား၍ယွန်ဟပ်သတင်းကဖော်ပြသည် ။
ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့်
ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ
ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူသွားမည်ဖြစ်သည်။
7Day News Journal

No comments:
Post a Comment