Wednesday, January 9, 2013

အီရတ်မှ ကွန်တိန်နာလိုက် ပြန်ပို့ခံရမှုများရှိလာသည့် မြန်မာငါးမြစ်ချင်း

Photo: အီရတ်မှ ကွန်တိန်နာလိုက် ပြန်ပို့ခံရမှုများရှိလာသည့် မြန်မာငါးမြစ်ချင်း
Wednesday, 09 January 2013

အီရတ်နိုင်ငံသို့ အဓိကထားတင်ပို့နေသည့် ငါးမြစ်ချင်းဈေးကွက်မှာ အရည်အသွေးကြောင့် အ၀ယ်နည်းသွားကြောင်း ပြည်ပပို့ကုန် လုပ်ငန်းရှင်များထံမှ သိရှိရသည်။      

“ကိန်းဂဏန်းအရတော့ မသိဘူး။ သို့သော် အီရတ်က အရင်က တအား
ဝယ်တယ်။ ဒါပေမယ့် အခု နောက်ပိုင်း အီရတ်ကို ပို့တဲ့ container
တွေတောင် ပြန်ပို့တာတွေရှိတယ်။ ရောင်းသူဝယ်သူ စာချုပ်ချုပ်ပြီးမှ မ၀ယ်ဘဲနဲ့ ပြန်လွှတ်တယ်ဆိုရင် ဒါတခုခုမှားလို့၊ ဘာကြောင့်မှားတာ
လဲဆိုတာ အဖြေရှာသင့်တယ်။ export လုပ်တဲ့အခါ မြန်မာ့ငါးဟေ့ဆိုပြီး လက်ခမောင်းခတ်နိုင်ရမယ်။ မဟုတ်ရင် မြန်မာငါးကို ၀ယ်မနေနဲ့တော့
ကွာ ရေဒီလောက်ထိုးနေရင်ဆိုတဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ် ” ဟု မအူပင်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာမြင့်စိန်က ပြောသည်။  

ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ကြာရှည်ခံရန်အတွက် ငါးမြစ်ချင်းငါးအား
ကျောခွဲ၍ ရေခဲထည့် ခြင်းနှင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်းကို ၂၀၀၇ခုနှစ်မှ
စတင်ပြုလုပ်ခဲ့ကြောင်း ထိုသို့ပို့ရာတွင် အများဆုံး စားသုံးသောအီရတ်နိုင်ငံမှ ယခုနောက်ပိုင်းမှ စ၍ တင်ပို့လိုက်သည့် ငါးများကို ပြန်ပို့သည့်အဆင့်အထိ ရှိလာခဲ့ပြီး အ၀ယ်နည်းလာကြောင်း  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။

ထိုသို့ ၀ယ်လိုအားနည်းသွားရခြင်းမှာ ငါးပမာဏ(၁၀၀ %)တွင် ရေခဲ
ပမာဏမှာ (၂၀ %) သတ်မှတ် ထားသော်လည်း ယခုအခါ ၄င်းရာခိုင်နှုန်းထက်ပိုမိုစွာ ထည့်လာကြခြင်းနှင့် ဗိုက်ကိုခွဲ၍ ရေခဲ
ထည့် ခြင်းအပြင် ကျောကိုခွဲ၍ ရေခဲထည့်ခြင်းများကြောင့် ငါးအရသာပျက်သွားခြင်း စသည့် အချက်များ ကြောင့် ဖြစ်သည်ဟု သိရသည်။ 

ရေခဲထည့်ရာ၌ ကျောခွဲ၍ ရေခဲထည့်လိုက်ခြင်းဖြင့် ငါးကျောတွင်ရှိသော တစ်ရှုးများအားသွားထိကာ ရေကိုစုပ်ယူပြီး အသား ထဲသို့
ရေစိမ့်ဝင်မှုများပြားစေခြင်းနှင့် ထည့်လိုက်သော ရေခဲထဲတွင် ပိုးမွှား တစ်စုံတရာ ပါသွားပါကလည်း စားသုံးသူအား ထိခိုက်စေနိုင်
သောကြောင့် ကျောခွဲ၍ ရေခဲထည့် ပြည်ပပို့ခြင်းများအား မပြုလုပ်
သင့်ကြောင်းကိုလည်း  မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြံပြုထား သည်။   

ဗိုက်ခွဲ၍ ရေခဲထည့်ရာ၌ ဗိုက်တွင်ရှိသော ပယ်ရီဟု ခေါ်သော အဖြူရောင်အပြောင် အသားများမှ အသားထဲသို့ ရေမ၀င်နိုင်အောင် ကာကွယ်ထားသည့်အတွက်ကြောင့် ရေစိမ့်ဝင်မှုပမာဏ နည်းပါးစေပြီး ငါးအရသာမပျက်စေခြင်းကြောင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်း သာ ပြုလုပ်သင့်ကြောင်း ကိုလည်း ငါးမွေးသူများမှ အကြံပြု
ပြောဆိုကြသည်။           

အီရတ်၌ ငါးစားသုံးရာတွင်  ကင်စားခြင်းကြောင့် ကျောခွဲ၍ ရေခဲပမာဏ ပိုထည့်ထားသော ငါးသည် ကင်လိုက်သောအခါ အရသာ ပိုပျက်
သွားစေနိုင်ကြောင်းလည်း သိရှိရသည်။     

“ အရင်တုန်းက ကျောခွဲပြီး ပြည်ပပို့တာကို exporter အများစုက
တော်တော်ကန့်ကွက်ခဲ့ကြတာ။ ပြီးတော့ အရင်တုန်းက   ရေခဲပမာဏ က (၅ %) ပဲထည့်ရတာ။အခုဆို ၂၀%ထိ ထည့်ခွင့်ပေးထား တယ်။ တချို့တွေ ကတော့ သူတို့ Quality သူတို့ထိန်းတဲ့အနေနဲ့ ရေခဲကိုလည်း (၂၀%)ပဲထည့်ပြီး ဗိုက်ခွဲတဲ့ စနစ်နဲ့ ပို့ကြတယ်။ သတ်မှတ်ထားတာနဲ့ မကိုက်ညီရင် ဘယ်လိုအရေးယူမလဲဆိုတာတွေကို ဆောင်ရွက်
ပေးမှ မြန်မာနိုင်ငံရဲ့ ပြည်ပငါးဈေးကွက် မပျက်မှာလို့ ထင်ပါတယ်  ” ဟု ပြည်ပပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။  

၎င်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၂ခုနှစ်မှစကာ မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာနမှ ၀န်ကြီးကိုယ်တိုင် ဆွေးနွေးခြင်း   ပြုလုပ်နေကြောင်းကို
လည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်းက ဆိုသည်။ 

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်း ပြည်ပသို့တင်ပို့သော ငါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၅၀)သန်းခန့် ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း
အဖွဲ့ချုပ်မှ သိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup အီရတ်နိုင်ငံသို့ အဓိကထားတင်ပို့နေသည့် ငါးမြစ်ချင်းဈေးကွက်မှာ အရည်အသွေးကြောင့် အ၀ယ်နည်းသွားကြောင်း ပြည်ပပို့ကုန် လုပ်ငန်း ရှင်များထံမှ သိရှိရသည်။
“ကိန်းဂဏန်းအရတော့ မသိဘူး။ သို့သော် အီရတ်က အရင်က တအား
ဝယ်တယ်။ ဒါပေမယ့် အခု နောက်ပိုင်း အီရတ်ကို ပို့တဲ့ containerတွေတောင် ပြန်ပို့တာတွေရှိတယ်။ ရောင်းသူဝယ်သူ စာချုပ် ချုပ်ပြီးမှ မ၀ယ်ဘဲနဲ့ ပြန်လွှတ်တယ်ဆိုရင် ဒါတခုခုမှားလို့၊ ဘာကြောင့်မှားတာလဲဆိုတာ အဖြေရှာ သင့် တယ်။ export လုပ်တဲ့အခါ မြန်မာ့ငါးဟေ့ဆိုပြီး လက်ခမောင်းခတ်နိုင်ရမယ်။ မဟုတ်ရင် မြန်မာငါးကို ၀ယ်မနေနဲ့တော့ကွာ ရေဒီလောက်ထိုးနေရင်ဆိုတဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ် ” ဟု မအူပင်မြို့ နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာမြင့်စိန်က ပြောသည်။

ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ကြာရှည်ခံရန်အတွက် ငါးမြစ်ချင်းငါးအားကျောခွဲ၍ ရေခဲထည့် ခြင်းနှင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်းကို ၂၀၀၇ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြောင်း ထိုသို့ပို့ရာတွင် အများဆုံး စားသုံးသော အီရတ်နိုင်ငံ မှ ယခုနောက်ပိုင်းမှ စ၍ တင်ပို့လိုက်သည့် ငါးများကို ပြန်ပို့သည့်အဆင့်အထိ ရှိလာခဲ့ပြီး အ၀ယ်နည်းလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။

ထိုသို့ ၀ယ်လိုအားနည်းသွားရခြင်းမှာ ငါးပမာဏ(၁၀၀ %)တွင် ရေခဲပမာဏမှာ (၂၀ %) သတ်မှတ် ထားသော်လည်း ယခုအခါ ၄င်းရာခိုင်နှုန်းထက်ပိုမိုစွာ ထည့်လာကြခြင်းနှင့် ဗိုက်ကိုခွဲ၍ ရေခဲ ထည့် ခြင်း အပြင် ကျောကိုခွဲ၍ ရေခဲထည့်ခြင်းများကြောင့် ငါးအရသာပျက်သွားခြင်း စသည့် အချက် များ ကြောင့် ဖြစ် သည်ဟု သိရသည်။

ရေခဲထည့်ရာ၌ ကျောခွဲ၍ ရေခဲထည့်လိုက်ခြင်းဖြင့် ငါးကျောတွင်ရှိသော တစ်ရှုးများအား သွား ထိကာ ရေကိုစုပ်ယူပြီး အသား ထဲသို့ရေစိမ့်ဝင်မှုများပြားစေခြင်းနှင့် ထည့်လိုက်သော ရေခဲထဲတွင် ပိုးမွှား တစ်စုံတရာ ပါသွားပါကလည်း စားသုံးသူအား ထိခိုက်စေနိုင် သောကြောင့် ကျော ခွဲ၍ ရေခဲ ထည့် ပြည် ပ ပို့ခြင်းများအား မပြုလုပ်သင့်ကြောင်းကိုလည်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြံပြုထား သည်။

ဗိုက်ခွဲ၍ ရေခဲထည့်ရာ၌ ဗိုက်တွင်ရှိသော ပယ်ရီဟု ခေါ်သော အဖြူရောင်အပြောင် အသားများမှ အသားထဲ သို့ ရေမ၀င်နိုင်အောင် ကာကွယ်ထားသည့်အတွက်ကြောင့် ရေစိမ့်ဝင်မှုပမာဏ နည်းပါးစေပြီး ငါးအရ သာ မပျက်စေခြင်းကြောင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်း သာ ပြုလုပ်သင့်ကြောင်း ကိုလည်း ငါးမွေးသူများမှ အကြံပြုပြောဆိုကြသည်။

အီရတ်၌ ငါးစားသုံးရာတွင် ကင်စားခြင်းကြောင့် ကျောခွဲ၍ ရေခဲပမာဏ ပိုထည့်ထားသော ငါးသည် ကင်လိုက်သောအခါ အရသာ ပိုပျက်သွားစေနိုင်ကြောင်းလည်း သိရှိရသည်။

“ အရင်တုန်းက ကျောခွဲပြီး ပြည်ပပို့တာကို exporter အများစုကတော်တော်ကန့်ကွက်ခဲ့ကြတာ။ ပြီးတော့ အရင်တုန်းက ရေခဲပမာဏ က (၅ %) ပဲထည့်ရတာ။အခုဆို ၂၀%ထိ ထည့်ခွင့်ပေးထား တယ်။ တချို့တွေ ကတော့ သူတို့ Quality သူတို့ထိန်းတဲ့အနေနဲ့ ရေခဲကိုလည်း (၂၀%)ပဲထည့်ပြီး ဗိုက်ခွဲတဲ့ စနစ်နဲ့ ပို့ကြတယ်။ သတ်မှတ်ထားတာနဲ့ မကိုက်ညီရင် ဘယ်လိုအရေးယူမလဲဆိုတာတွေကို ဆောင်ရွက်ပေး မှ မြန်မာနိုင်ငံရဲ့ ပြည်ပငါးဈေးကွက် မပျက်မှာလို့ ထင်ပါတယ် ” ဟု ပြည်ပပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၂ခုနှစ်မှစကာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ၀န်ကြီး ကိုယ်တိုင် ဆွေးနွေးခြင်း ပြုလုပ်နေကြောင်းကိုလည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်းက ဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်း ပြည်ပသို့တင်ပို့သော ငါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၅၀)သန်းခန့် ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment