Saturday, January 19, 2013

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား နံနက်စောစောမှာ နေခြည်နုနု ခံယူတာကြောင့် အောက်ပါ အကျိုးကျေး ဇူးတွေ ကို ရရှိစေနိုင်ပါတယ်။

 ဗီတာမင်ဒီ ရရှိခြင်း နံနက်ခင်းနေခြည်နုနုကို ၁၅ မိနစ်ခန့် ခံယူ တာကြောင့် သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ဗီတာမင်ဒီကို အလုံအလောက် ရရှိစေပါတယ်။

ဗောက်ပျောက်စေခြင်း
နေခြည်နုနုကို အနည်းငယ်ခံယူတာကြောင့် သင့်ဦးခေါင်းမှာ ဗောက်ထတဲ့ ဝေဒနာကို သက်သာစေပါ တယ်။ နေရောင်ခြည်မှာ ဗောက်ပျောက်စေတဲ့ အစွမ်းရှိလို့ပါ။

စွမ်းအင်တိုးစေခြင်း
နေခြည်နုနုကို အချိန် ၁၀ မိနစ်ခန့် ခံယူတာကြောင့် တစ်နေ့လုံး စွမ်းအင်အဆင့်တိုးပြီး လန်းဆန်းစေပါ တယ်။

ကူးစက်ပိုးများကို ကာကွယ်နိုင်ခြင်း
နေခြည်နုနုကို ခံယူတာကြောင့် ဘက်တီးရီးယား၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရမှု မရှိအောင် ကာကွယ်နိုင် ပါတယ်။ နေခြည်နုနုခံယူတာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးမှာ သွေးဖြူဥ အရေအတွက် တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတာကြောင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို တွန်းလှန်ပေးနိုင် ပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်ကို သယ်ဆောင်ပေးမယ့် သွေးနီဥအရည် အသွေးကိုလည်း ကောင်း မွန်စေ ပါတယ်။

အရေပြားရောဂါဝေဒနာများကို လျော့ကျစေခြင်း
နေခြည်နုနုဟာ အရေပြားရဲ့ ခုခံနိုင်စွမ်းကို တိုးစေတာကြောင့် နှင်းခူ၊ ဆိုရီးယေးစစ်နဲ့ အဖု အပိမ့်ပြဿနာတွေ ကို လျော့ ကျစေပါတယ်။ အကြောင်း ကတော့ နေခြည်နုနုခံယူတာကြောင့် ပိုင်နီရယ်ဂလင်းကို လှုံ့ဆော်ပေးနိုင်ပြီး ထရိုင်တမင်းဓာတ်ကို ထုတ်လုပ်ပေးနိုင်လို့ပါ။

သွေးတိုးကျပြီး နှလုံးကျန်းမာခြင်း
 လေ့လာမှုတွေအရ နံနက်ခင်း နေခြည်နုနု ဖြာထွက်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက သွေးခုန်နှုန်း နဲ့ သွေးတိုးတာကို လျော့ကျစေကာ နှလုံးကို ကျန်းမာစေကြောင်း သိရပါတယ်။

ကြယ်စင်

No comments:

Post a Comment