Saturday, January 19, 2013

ဝန်တင်သွားလာမှု သုံးဆကျော် တက်လာသည့်အတွက် နှစ် ၂၀ အထက် တံတားများ ပြန်လည်စိစစ်

ဝန်တင်သွားလာမှု သုံးဆကျော် တက်လာသည့်အတါက် နှစ် ၂၀ အထက် တံတားများ ပြန်လည်စိစစ်ဆောက်လုပ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ တွင်းရှိ တည်ဆောက် ပြီးသားလမ်းနှင့် တံတားများထဲမှ သက်တမ်း ၂၀ အထက်ရှိသော တံတားများကို စာရင်းပြုစုနေပြိး ၁၀ စုနှစ် နှစ်ခု အတွင်း တံတား အသုံးပြုမှုနှုန်း မြင့်မား လာခြင်းကြောင့် ခံနိုင်ဝန် ပြန်လည်
တွက်ချက်ရန် လိုအပ်လာကြောင်းနှင့် လိုအပ်ပါက ပြန်လည်ပြင် ဆင် သွားရန် ရှိကြောင်း ၁၀-၁-၂၀၁၃ ရက်က သိရသည်။ မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးသား ပေ ၅၀ အထက် တံတား များတွင် အသုံး ပြုမှုများသော လမ်းနှင့် တွဲဖက် အသုံးပြုသော တံတားများမှာ ပို၍ပျက်စီးနိုင်သည့် အလားအလာ ရှိနေကာ ပြန်လည် ပြင်ဆင်သွားရန် အစီအစဉ်အတွက် ဂျပန်နိုင်ငံကို အကူအညီ တောင်းခံထားသည် ဟုလည်း သိရသည်။
"သက်တမ်း ၂၀ အထက် တံတားတွေထဲမှာ လိုအပ်ရင် ပြန်ပြင်ရမယ့် တံတားတွေ ရှိနေတယ်။ အဓိကကတော့ ကြံ့ခိုင်မှု အားနည်းတာ ဖြစ်နိုင်တယ်။ ထိန်းသိမ်းမှုကလည်း အားနည်းတယ်။ တချို့တံတားတွေ များဆိုရင် ဘေးကနေ အသစ်ထပ်တိုး ရတာတွေ ရှိလာမယ်" ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးဟန်ဇော်က ပြောကြားသည်။ 

တံတားဆိုင်ရာ စံသတ်မှတ်ချက်တစ်ခုတွင် မြစ်ကူးတံတားကြီးများမှာ နှစ်၁၀၀ ခံနိုင်ရည် ရှိရမည်ဖြစ်ပြီး ပုံမှန်တံတားများတွင် နှစ် ၅၀ ခံနိုင်ရည် ရှိရမည်ဖြစ်ကာ နှစ် ၂၀ ဆိုသည်မှာ သာမန်သစ်သား တံတားအဆင့် သာရှိသည်ဟု သိရသည်။ "ဒီဘက်နှစ်တွေမှာ ဆောက်တဲ့တံတား တွေကတော့ မဆိုးဘူး။ အရည်အသွေး ကောင်းကြတယ်။ ဥပမာ လှည်းတန်းခုံး ကျော်တံတားလိုမျိုးဆိုရင် တော်တော် အရည်အသွေးကောင်းတာ တွေ့ရတယ်" ဟု ဦးဟန်ဇော်က ပြောကြားသည်။ 

"အရင်က ဆောက်ခဲ့တဲ့ တံတားတွေ က အရင်တုန်းက Loading (ဝန်တင် သွားလာမှု) တွေနဲ့ပဲ တွက်ချက်ပြီး ဆောက် ခဲ့တာလေ။ အခုနောက်ပိုင်းမှာ Loading တွေက အရမ်းကျပ်လာတယ်။ အရင်က်က်က ထက် သုံးဆလောက် Loading တက် လာတယ်။ ပြီးတော့ ကုန်တင်ကားတွေက တရားမ၀င် ကုန်စည်အပို တင်ဆောင်မှုတွေနဲ့ဆိုတော့ ဒီဒဏ်တွေကို ခံနေရတာ။ ခြုံငုံပြောရရင်တော့ တံတားဆောက်တဲ့ သူတွေအနေနဲ့ နှစ်ကိုကြည့်ပြီး ဆောက် လို့မရတော့ဘူး။ နောင် ၁၀ နှစ်၊ နှစ် ၅၀ မှာ တက်လာနိုင်တဲ့ Loading ကိုပါ ထည့်သွင်း တွက်ချက်ပြီး တည်ဆောက်ဖို့ လိုအပ်နေပြီ" ဟု ဦးဟန်ဇော်က ဆက်လက်ပြော ကြားသည်။

From : ပြည်မြန်မာဂျာနယ်

1 comment:

  1. ဦးဟန်ဇော်တို့လို့ပညာရှင်တွေကတော့တိုင်ပြည်အကျိုးကို
    ရေရှည်ကြည်တာမှန်ပါတယ်။ဗိုလ်မှုးဟောင်းဗိုလ်ကြီးဟောင်း
    တွေကတော့ငါဒီနေရာဘယ်လောက်နေရမယ်။အိတ်ထဲကို
    ဘယ်လောက်ရောက်အောင်လုပ်မယ်။တိုင်းအဆင့်ကလူ
    တွေကလည်းအထက်ပုဂ္ဂိုလ်ကြီးများအတွက်ဟုဆိုကာ
    ရောကြိတ်တယ်နောက်ခရိုင်အဆင့်ကလည်းထောက်ခံပေး
    ရလို့ဂါကြေးတဲ့မြို့နယ်အဆင့်ကခွဲတမ်းတဲ့နောက်ဆုံးအလုပ်
    ရတဲ့SAEကတော့အထက်ပုဂ္ဂိုလ်ကြီများရဲ့ကျေးဇူးတော်
    ကြောင့်လုပ်ခွင့်ရတာဆိုတော့ကျန်တဲ့ဟာလေးကိုလမ်း
    တဝက်ကိုယ်တဝက်ကျေကျေနပ်နပ်စားရတာပေါ့။ကျောက်
    ကိုဈေးချိုချင်တော့ကျောက်ပွတာတွေကျောက်မာတာတွေ
    နားမလည်ဘူးဈေးကိုချိုချင်သလောက်ချိုကျောက်နဲ့တူရင်
    ပြီးတာပဲအလုပ်သမားဆိုလည်းဈေးပေါပေါမှ၊ဈေးပေါပေါ
    ပေးတော့ဖြစ်သလိုလုပ်တာဓမ္မတာပါ။ကမ္ဘာကျော်အပြေး
    သမားနဲ့နင်လားငါလားကတ္တရာလောင်းသမားတွေနဲ့ပါးနိုင်
    သမျွှပါးအောင်လောင်းထားတဲ့ကတ္တရာ။ကျောက်စီတော့
    ကတ္တရာအောက်မှာနေတာဘယ်သူမမြင်ပါဘူဆိုပြီး
    ကျောက်ကိုထောင်စီရင်ကျောက်ကျင်းများကုန်မှာဆိုးလို့
    လှည်းစီပစ်စီ၊စီတော့ကျောက်ကျင်းရေကိုယ်တွက်များများ
    ထွက်လာတယ်လေစာရင်းတင်တော့ကျောင်ထောင်စီတဲစာ
    ရင်းတင်တယ်။ကျောက်ပွတာရယ်ကျောက်လှဲစီတော့လမ်း
    ကြိတ်စက်နာနာမမောင်းခိုင်းရဲဘူးကျောက်မှုန့်တွေဖြစ်သွား
    မှာစိုးလို့ဒီလိုတွေလုပ်စားနေကြတာအာဆီယံစံနှုန်းမှီတဲ့
    လမ်းဖြစ်မလား။လမ်းကဖြစ်သလိုခင်းထားတော့ခဏလေးနဲ့
    ပျက်ရောပျက်တော့ကားတွေကုန်ချိန်အဆမတန်တင်လိုပျက်
    ရတာပါဆိုပြီးလွဲချလိုက်တယ်။ဒါနဲပဲတန်ပိုကြေးတွေကောက်
    စရာဂွင်ဖြစ်သွားတာပေါ့။ယခုလက်ရှိဝန်ကြီးဒုဝန်ကြီးဖြစ်စဉ်
    ကာလကလွှတ်တော်အမတ်တဦး၏မေးမြန်းချက်ကိုဖြေ
    ကြားရာမှာBOTစနစ်ရဲစည်းကမ်းကမ်းချက်(၂၄)ချက်နှင့်
    ကိုက်ညီမှု့မရှိသောကုမ္ပဏီများကိုလုပ်ပိုင်ခွင့်ရုပ်သိမ်းနိုင်
    သည်လို့ဖြေကြားသွာခဲ့ပေမဲ့မည်သည့်ကုမ္ပကိုမှရုပ်တာမတွေ
    ရပါဘူး။(၂၄)ချက်နဲ့မကိုက်ညီတဲ့ကုမ္ပဏီတွေတနိုင်ငံလုံး
    အနံပါပဲ။မိုင်(၅၀)တဖြတ်ပေးတဲ့BOTကလည်း(၁၅)မိုင်လည်း
    BOTစနစ်တဲ့(၂၃)မိုင်လည်းBOTတဲ့(၃၈)မိုင်လည်းBOTတဲ့
    ငွေပိုရတဲ့BOTပဲကောက်ချင်ကြတယ်လေဝန်ကြီးဌာနထဲမှာ
    ရှိတဲအသွင်ပြောင်အရာရှိကြီးတွေနဲ့ညှိုပြီးလုပ်စားနေကြတာ
    လေ။ကျောက်ပံလေးတွေပုံလိုင်းကျင်းတွေတူးပြီးအလုပ်လုပ်
    ဟန်ဆောင်ပြထားတာနှစ်နဲ့ချီနေပြီ။လက်ဝါးရိုက်ထားတဲ့စစ်
    ဆေးရေးအဖွဲ့လာတော့အပေါက်လိုက်ဖာပြတယ်။လမ်း
    အကျယ်က(၁၂)ပေ(၁၈)ပေလောက်နဲ့လည်းBOTစနစ်နဲ့ငွေ
    ကောက်တယ်။BOTစနစ်အရကတ္တားကြီးတွေတပ်ဆင်ရ
    မယ်ဆိုတော့လည်းလုပ်စားလို့ကောင်းတဲ့ကတ္တားအသေး
    တွေနဲ့ပဲရိုက်စားလုပ်နေတုန်းပဲ။ပြသာနာပေါင်းစုံအမြဲတက်
    နေတဲ့မန္တလေးမိုးကုတ်၊ရွှေဘိုချောင်းဦပခုက္ကူမြင်းခြံမိတ္ထီလာ
    မြဝတီထားဝယ်လမ်းတော်တော်များများရှိတဲ့ဂိတ်တော်တော်
    များများဟာလည်းတလအပြစ်ပေးခံရပေမဲ့ဆက်လက်လုပ်
    စားနေကြဆဲပါ။ယခုလိုစည်းမဲ့ကမ်းမဲ့ပြည်သူလူထုအပေါ်
    ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတဲ့လူပေါ်လူဇော်လုပ်စား
    စေသောငွေကောက်လုပ်ငန်းမှန်သမျှတနိုင်ငံလုံးတွင်ရပ်ဆိုင်း
    သင့်ပါပြီ။လုပ်စားစေခဲ့သောကုမ္ပဏီများကိုလည်း၎င်းတို၏
    ကိုယ်ပိုင်စွမ်းရည်ဖြင့်ကမ္ဘာအရပ်သို့တင်ပို့ရောင်းချနိုင်သော
    မြန်မာကုန်ထုတ်လုပ်မှု့ကိုပြသနိုင်သောလုပ်ငန်းများကိုလုပ်
    ကိုင်ပါစေငွေကိုလွယ်လွယ်တာနဲ့ကိုယ့်စွမ်းရည်နဲ့ရတာလေး
    ဘယ်လိုအရသာလဲဆိုတာခံစားကြည့်ကြပါစေပြည်သူ့
    မေတ္တွာစူးပါလိမ်မည်။လွတ်တော်ကိုယ်စားလှယ်များအနေ
    နှင့်ယခုကိစ္စများနှင့်အသွင်ပြောင်းများဝန်ကြီးဌာနများတွင်
    နေရာယူထားခြင်းကိစ္စ၊စစ်တပ်နှင့်အစိုးရပြောင်ပြောင်တင်း
    တင်းစီးပွာရေးလုပ်နေခြင်များရပဆိုင်ရန်အစရှိသောကိစ္စ
    ရပ်များကိုအစဉ်တစိုက်မမေ့မလျော့လွတ်တော်အတွင်းမှာ
    အမြဲမပြတ်ဆွေနွေးပါမှပြည်သူအသံလွတ်တော်မှာထင်ဟပ်
    စေပါသည်။

    ReplyDelete