Monday, January 21, 2013

ကချင်ပြည်နယ်အစိုးရကစေလွှတ်သောကုန်ကားများလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေ

Photo: ကချင်ပြည်နယ်အစိုးရကစေလွှတ်သောကုန်ကားများလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေ
Monday, 21 January 2013 

ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်းအခြေခံစားသောက် ကုန်ပစ္စည်းများအဆမတန်မြင့်တက်နေသောကြောင့် ဈေးနှုန်းများကျဆင်းစေရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့ကစေလွှတ်သောကုန်ကားစီးရေ ၆ဝ ခန့်မှာလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေကြောင်းပူတာအိုခရိုင်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလီပေါ်ရက်ကပြောသည်။

''မနှစ်ကအခြေခံစားသောက်ကုန်တွေ ပို့ထားတာ ပြတ်လပ်သွားလို့ အခုလိုဈေးတွေ တက်ကုန်တာပါ။ ဒီနှစ်ကားလမ်းကအဆင်မပြေဘူး
ဖြစ်နေတယ်။ ကားလမ်းမှာတံတားတွေယာယီပြင်ပြီး ပြည်နယ်အစိုးရ
ကဈေးနှုန်းတွေကျဖို့၊ လွှတ်ထားတဲ့ ကုန်ကားတွေစီးရေ ၆ဝ၊ ၇ဝ လောက် လမ်းခုလတ်မှာခရီးဆက်မရဖြစ် နေပါတယ်။ တပ်ကလုံခြုံရေးအပြည့်အဝ
ပေးနိုင်မှ ဟိုကိုရောက်မှာပါ''ဟု ၄င်းကပြောသည်။

ယင်းသို့ ခရီးဆက်မရဖြစ်နေရခြင်းမှာKIAလက်နက်ကိုင်အဖွဲ့မှ ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ဘဲနယ်မြေဖြတ်သန်းသွားလာရန် လမ်းတံတားများပျက်စီးနေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

လက်ရှိပူတာအိုခရိုင်တွင် အခြေခံစားသောက် ကုန်ပစ္စည်းများမှာ
ယခင်ထက်နှစ်ဆနီးပါးဈေးကြီးပေးဝယ်နေရကြောင်း၊ လေကြောင်း
ပို့ဆောင်ရေးဖြင့် သယ်ယူလျှင်လည်းကုန်ပစ္စည်းအများအပြားမသယ်နိုင် သလိုကုန်တန်ဆာခဈေးနှုန်းမှာလည်း မြင့်မား၍ တင်သွင်းသူမရှိကြောင်း
သိရသည်။

ပူတာအိုခရိုင်တွင် လူဦးရေ ၁ သိန်း ၂ သောင်းကျော် နေထိုင်ကြပြီး 
၂ဝ၁၂ ခုနှစ်အတွင်းဆန်ဈေးနှုန်းများကြီးမြင့်ခဲ့ရာဆန်နို့ဆီဘူး ၂၂ ဘူးလျှင်
ငွေကျပ် တစ်သောင်းခွဲအထိ မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ရခြင်းသည် ဒေသတွင်းတိုက်ပွဲများ
ဖြစ်ပွားခြင်းနှင့် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် လမ်းတံတားများပျက်စီးကာ
သွားလာရေးခက်ခဲခြင်း၊ ဝေးလံခေါင်းသီခြင်းတို့ကြောင့်၊ ကုန်ပစ္စည်းများ
ရှားပါးပြတ်လတ်ကာဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။

Messenger News Journal
ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်းအခြေခံစားသောက် ကုန်ပစ္စည်းများအဆမတန်မြင့် တက်နေသောကြောင့် ဈေးနှုန်း များကျ ဆင်းစေရေးအတွက် ကချင် ပြည်နယ်အစိုးရ အဖွဲ့ကစေလွှတ်သော ကုန်ကား စီးရေ ၆ဝ ခန့်မှာလမ်းခုလတ်တွင် ခရီးဆက်မ ရဖြစ်နေကြောင်း ပူတာအို ခရိုင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရက်ကပြောသည်။

''မနှစ်ကအခြေခံစားသောက်ကုန်တွေ ပို့ထားတာ ပြတ်လပ်သွားလို့ အခုလိုဈေးတွေ တက်ကုန်တာပါ။ ဒီနှစ် ကားလမ်းကအဆင်မပြေဘူးဖြစ်နေတယ်။ ကားလမ်းမှာတံတားတွေယာယီပြင်ပြီး ပြည်နယ်အစိုးရ ကဈေးနှုန်းတွေကျဖို့၊ လွှတ်ထားတဲ့ ကုန်ကားတွေစီးရေ ၆ဝ၊ ၇ဝ လောက် လမ်းခုလတ်မှာခရီး ဆက် မ ရဖြစ် နေပါတယ်။ တပ်ကလုံခြုံရေးအပြည့်အဝပေးနိုင်မှ ဟိုကိုရောက်မှာပါ''ဟု ၄င်းကပြောသည်။

ယင်းသို့ ခရီးဆက်မရဖြစ်နေရခြင်းမှာKIAလက်နက်ကိုင်အဖွဲ့မှ ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ဘဲ နယ်မြေဖြတ်သန်းသွားလာရန် လမ်းတံတားများပျက်စီးနေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

လက်ရှိပူတာအိုခရိုင်တွင် အခြေခံစားသောက် ကုန်ပစ္စည်းများမှာ ယခင်ထက်နှစ်ဆ နီးပါးဈေးကြီးပေး ဝယ်နေရကြောင်း၊ လေကြောင်းပို့ဆောင်ရေးဖြင့် သယ်ယူလျှင်လည်းကုန်ပစ္စည်းအများအပြားမသယ်နိုင် သလိုကုန်တန်ဆာခဈေးနှုန်းမှာလည်း မြင့်မား၍ တင်သွင်းသူမရှိကြောင်းသိရသည်။

ပူတာအိုခရိုင်တွင် လူဦးရေ ၁ သိန်း ၂ သောင်းကျော် နေထိုင်ကြပြီး ၂ဝ၁၂ ခုနှစ်အတွင်း ဆန်ဈေးနှုန်းများ ကြီးမြင့်ခဲ့ရာဆန်နို့ဆီဘူး ၂၂ ဘူးလျှင်ငွေကျပ် တစ်သောင်းခွဲအထိ မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ရခြင်းသည် ဒေသတွင်းတိုက်ပွဲများဖြစ်ပွားခြင်းနှင့် မိုင်းခွဲဖျက်ဆီးခံ ရခြင်းကြောင့် လမ်းတံတားများပျက်စီးကာသွားလာရေးခက်ခဲခြင်း ၊ ဝေးလံခေါင်းသီခြင်းတို့ကြောင့်၊ ကုန် ပစ္စည်းများရှားပါးပြတ်လတ်ကာဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။

Messenger News Journal

No comments:

Post a Comment