Thursday, January 17, 2013

“ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”


“ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”


ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက်မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာ
ယူရန် သတ်မှတ် လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာ အခန်းများတောင်းယူ
ထားကြောင်း၊ အဆိုပါ အခန်းများအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ရန်ကုန်မှာတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်အထိပေါ့၊ ဆီးဂိမ်း အတွက်ဆိုရင် ဒေါ်လာ ၅ဝ ပဲ၊ တစ်နိုင်ငံလုံး ဒီနှုန်းပဲ”ဟု ၄င်းက ပြောသည်။
ရန်ကုန်ရှိ ဆီဒိုးနား၊ ချက်ထရီယမ်၊ ပါ့ခ်ရွိုင်ရယ်၊ အိုလံပစ်၊ အေးရှပလာဇာ၊ ဟိုတယ်ရန်ကုန်အပါအဝင် ဟိုတယ်များမှအခန်း ၇ဝဝ ကျော်ကို ဆီးဂိမ်း
အတွက် တောင်းယူထားကြောင်း သိရသည်။

”ကျန်ဟိုတယ်တွေကိုလည်း အဲဒီရက်မှာ အခန်း ၃ဝ ရာခိုင်နှုန်း ချန်ထားပေးဖို့
ညွှန်ကြားထားပါ တယ်။ လိုအပ်ရင် သုံးဖို့ညွှန်ကြား ထားတာ”ဟု ၄င်းက
ပြောသည်။

နေပြည်တော်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင်လည်း ဆီးဂိမ်းအတွက် အရန်ဟိုတယ်များ ထားရှိကြောင်း၊ ဆီးဂိမ်းလာရောက် အားပေးသူများ
ဈေးသက်သာစွာ ဖြင့် တည်းခိုနိုင်ရန် ရည်ရွယ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ်ကာရှိပြီးသားဟိုတယ်များအပြင် နေပြည်တော်
တွင် ဟိုတယ်အလုံး ၄ဝ၊ ရန်ကုန်တွင် ၁ဝ လုံး၊ မန္တလေးတွင် ၄ လုံးနှင့်
ငွေဆောင်တွင် ၃ လုံး အရန်ထားရှိမည်ဟု သိရသည်။

လက်ရှိတွင် ဟိုတယ်များ၏ အခန်းခနှုန်းထားများကို တစ်ညလျှင် ဒေါ်လာ ၁၅ဝ ထက်ပိုမယူရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်
ထားသည်။

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက် မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာယူရန် သတ်မှတ်လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရ သည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည် များတည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာအခန်းများတောင်းယူထားကြောင်း၊ အဆိုပါ အခန်း များအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ရန်ကုန်မှာတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်အထိပေါ့၊ ဆီးဂိမ်း အတွက်ဆိုရင် ဒေါ်လာ ၅ဝ ပဲ၊ တစ်နိုင်ငံလုံး ဒီနှုန်းပဲ”ဟု ၄င်းက ပြောသည်။ ရန်ကုန်ရှိ ဆီဒိုးနား၊ ချက်ထရီယမ်၊ ပါ့ခ်ရွိုင်ရယ်၊ အိုလံပစ် ၊ အေးရှပလာဇာ၊ ဟိုတယ်ရန်ကုန်အပါအဝင် ဟိုတယ်များမှအခန်း ၇ဝဝ ကျော်ကိုဆီးဂိမ်းအ တွက် တောင်းယူထားကြောင်း သိရသည်။

”ကျန်ဟိုတယ်တွေကိုလည်း အဲဒီရက်မှာ အခန်း ၃ဝ ရာခိုင်နှုန်း ချန်ထားပေးဖို့ညွှန်ကြားထားပါ တယ်။ လိုအပ်ရင် သုံးဖို့ညွှန်ကြား ထားတာ”ဟု ၄င်းကပြောသည်။

နေပြည်တော်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင်လည်းဆီးဂိမ်းအတွက် အရန်ဟိုတယ်များထား ရှိကြောင်း၊ ဆီးဂိမ်းလာရောက် အားပေးသူများဈေးသက်သာစွာ ဖြင့် တည်းခိုနိုင်ရန် ရည်ရွယ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ်ကာရှိပြီးသားဟိုတယ်များအပြင် နေပြည်တော်တွင် ဟိုတယ်အလုံး ၄ဝ၊ ရန်ကုန် တွင် ၁ဝ လုံး၊ မန္တလေးတွင် ၄ လုံးနှင့်ငွေဆောင်တွင် ၃ လုံး အရန်ထားရှိမည်ဟု သိရသည်။
လက်ရှိ တွင် ဟိုတယ်များ၏ အခန်းခနှုန်းထားများကို တစ်ညလျှင် ဒေါ်လာ ၁၅ဝ ထက်ပိုမယူရန် ဟို တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
  Popular Myanmar News Journal

No comments:

Post a Comment