Tuesday, January 1, 2013

တရုတ် အစိုးရ သင်္ဘောများ အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ၀င်ရောက်



တရုတ် အစိုးရ သင်္ဘောများ အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ၀င်ရောက်
 
တရုတ် အစိုးရ သင်္ဘော ၃ စီးသည် ဂျပန်နိုင်ငံနှင့် အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝင်ရောက် ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြား ခဲ့ပါသည်။

တရုတ်ကင်းလှည့် သင်္ဘောတစ်စင်း ဆန်ကာကူ ကျွန်းစု အနီးသို့ ဒေသ စံတော်ချိန် ၁၃ နာရီ ၃၂ မိနစ်တွင် ဝင်ရောက်ခဲ့ပြီး မိနစ် ၂ဝ ကြာ ပြီးနောက် နောက်တစ်စီး ဝင်ရောက်လာ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ တတိယမြောက် သင်္ဘောသည် ၁၄၃၅ နာရီခန့်တွင် ဝင်ရောက် လာခဲ့ကြောင်း သိရှိရ ပါသည်။ 

အဆိုပါ တရုတ် သင်္ဘောများ ဝင်ရောက်လာမှုအား ၎င်းဧရိယာ အတွင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့၏ ကင်းလှည့် လေယာဉ်မှ ရှာဖွေ တွေ့ရှိခဲ့ပြီး နှောင်းပိုင်းတွင် ဂျပန်ကင်းလှည့် ရေယာဉ်များမှ ၎င်းတို့ ရေပိုင်နက် အတွင်းမှ ထွက်ခွာရန် အမိန့်ပေး ခဲ့ကြောင်း သိရှိရ ပါသည်။ ဒီဇင်ဘာလ ၂၁ ရက် နေ့ကလည်း ၎င်းရေပိုင်နက် အတွင်းသို့ တရုတ် နိုင်ငံမှ ၎င်းတို့၏ သင်္ဘောများ စေလွှတ်ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3314-2013-01-01-14-29-58

တရုတ် အစိုးရသင်္ဘော ၃ စီးသည် ဂျပန်နိုင်ငံနှင့် အငြင်းပွားလျက်ရှိသော အရှေ့တရုတ်ပင်လယ် အတွင်းရှိကျွန်းများအနီးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့ပါသည်။

တရုတ်ကင်းလှည့် သင်္ဘောတစ်စင်း ဆန်ကာကူ ကျွန်းစု အနီးသို့ ဒေသ စံတော်ချိန် ၁၃ နာရီ ၃၂ မိနစ်တွင် ဝင်ရောက်ခဲ့ပြီး မိနစ် ၂ဝ ကြာ ပြီးနောက် နောက်တစ်စီး ဝင်ရောက်လာ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ တတိယမြောက် သင်္ဘောသည် ၁၄၃၅ နာရီခန့်တွင် ဝင်ရောက် လာခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါ တရုတ် သင်္ဘောများ ဝင်ရောက်လာမှုအား ၎င်းဧရိယာ အတွင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့၏ ကင်းလှည့် လေယာဉ်မှ ရှာဖွေ တွေ့ရှိခဲ့ပြီး နှောင်းပိုင်းတွင် ဂျပန်ကင်းလှည့် ရေယာဉ်များမှ ၎င်းတို့ ရေပိုင်နက်အတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဒီဇင်ဘာလ ၂၁ ရက် နေ့ကလည်း ၎င်းရေပိုင်နက်အတွင်းသို့ တရုတ် နိုင်ငံမှ ၎င်းတို့၏သင်္ဘောများ စေလွှတ်ခဲ့ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment