Friday, January 4, 2013

သီရိလင်္ကာ ကြည်းတပ်သည် ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် များအား ပိုမိုတိုးမြှင့် လေ့ကျင့် ပေးသွားမည်ဟုဆို

သီရိလင်္ကာ ကြည်းတပ်သည် ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် များအား ပိုမိုတိုးမြှင့် လေ့ကျင့် ပေးသွားမည်ဟုဆို

သီရိလင်္ကာ စစ်ဘက်သည် ၂ဝ၁၃ ခုနှစ်တွင် ၎င်း၏ တပ်ဖွဲ့ဝင် များအား ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့် လေ့ကျင့်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်ရေး အစီအစဉ် တစ်ရပ် ရေးဆွဲထားကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Jagath Jayasuriya က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာတွင် ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင်များ အတွက် ဆောင် ရွက်မည့် အစီအစဉ် များနှင့် ပတ်သက်၍ ထိုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ ကြည်းတပ်၏ အဓိက ဦးစားပေး ရည်မှန်းချက် တစ်ရပ်အဖြစ် ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့် လေ့ကျင့်မှု များအား ၂ဝ၁၃ ခုနှစ် အတွင်း တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း Jagath က ပြောကြား ခဲ့ပါသည်။ အဆိုပါ လေ့ကျင့်မှု များ၌ ဘာသာစကား လေ့ကျင့်မှုများ၊ နိုင်ငံတကာ အပြန်အလှန် လေ့ကျင့်မှုများ၊ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း များ၊ တပ်ရင်းအဆင့် လေ့ကျင့်မှု များနှင့် တစ်ဦးချင်း ကျွမ်းကျင်အဆင့် လေ့ကျင့်မှုများ ပါဝင်ပါသည်။ အရည်အချင်း မြင့်မားပြီး ကျွမ်းကျင်သည့် ကြည်းတပ်ဖွဲ့ ဖြစ်လာစေရေး အတွက် လိုအပ်လျက် ရှိသည့် လေ့ကျင့်မှု များနှင့် နည်းပညာ အသစ်များကို စတင် လုပ်ဆောင်လျက် ရှိကြောင်း Jagath က မှတ်ချက်ပြု ပြောကြား ခဲ့ပါသည်။

http://www.myawady.net.mm/allnews/global/item/3549-2013-01-03-16-28-09
သီရိလင်္ကာစစ်ဘက်သည် ၂ဝ၁၃ ခုနှစ်တွင် ၎င်း၏တပ်ဖွဲ့ဝင်များအား ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့် လေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အစီအစဉ်တစ်ရပ် ရေးဆွဲထားကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Jagath Jayasuriya က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာတွင် ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင်များအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ကြည်းတပ်၏ အဓိက ဦးစားပေး ရည်မှန်းချက် တစ်ရပ် အဖြစ် ဒေသ တွင်းနှင့် နိုင်ငံတကာ အဆင့် လေ့ကျင့်မှုများအား ၂ဝ၁၃ ခုနှစ် အတွင်း တိုးမြှင့် လုပ်ဆောင် သွား မည် ဖြစ်ကြောင်း Jagath က ပြောကြားခဲ့ပါသည်။ အဆိုပါ လေ့ကျင့်မှု များ၌ ဘာသာ စကား လေ့ကျင့် မှုများ၊ နိုင်ငံတကာ အပြန်အလှန် လေ့ကျင့်မှုများ၊ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ၊ တပ်ရင်း အဆင့်လေ့ကျင့် မှုများနှင့် တစ်ဦးချင်းကျွမ်းကျင်အဆင့် လေ့ကျင့်မှုများ ပါဝင်ပါသည်။ အရည်အချင်း မြင့်မားပြီး ကျွမ်းကျင်သည့် ကြည်းတပ်ဖွဲ့ ဖြစ်လာစေရေးအတွက် လိုအပ်လျက်ရှိသည့် လေ့ကျင့်မှု များနှင့် နည်းပညာ အသစ်များကို စတင် လုပ်ဆောင်လျက် ရှိကြောင်း Jagath က မှတ်ချက်ပြု ပြောကြား ခဲ့ပါသည်။

No comments:

Post a Comment