Monday, January 7, 2013

၂ဝ၁၂ ခုနှစ် အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆ မှုပေါင်း ၁၂၄၂ မှု ဖြစ်ပွား၊ သေဆုံးသူ ၂၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ ဦးရှိခဲ့

၂ဝ၁၂ ခုနှစ် အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆ မှုပေါင်း ၁၂၄၂ မှု ဖြစ်ပွား၊ သေဆုံးသူ ၂၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ ဦးရှိခဲ့

၂ဝ၁၂ ခုနှစ် တစ်နှစ်တာ ကာလ အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆမှုပေါင်း ၁၂၄၂မှု ဖြစ်ပွား ခဲ့ပြီး အဆိုပါ ဖြစ်စဉ် များကြောင့် သေဆုံးသူ ၂၉၁ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ဦးရေမှာ ၁၈၆၉ ဦး အထိရှိ ခဲ့ကြောင်း  ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အဆိုပါယာဉ် မတော်တဆ မှုများအနက်  ဒီဇင်ဘာ လတွင် ယာဉ်မတော် တဆမှု ၁၃၆မှု ဖြစ်ခဲ့ပြီး  သေဆုံး သူ ၃၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ဦး အထိ ရှိခဲ့သည်။  မဆင်မခြင် မောင်းနှင် မှုများကြောင့်  ဒီဇင်ဘာလ ၂၅ရက် နောက်ပိုင်း နှစ်သစ် မကူးမီ ၃၁ရက် အထိ ယာဉ်မတော် တဆမှုများ စံချိန်တင်များ ပြားခဲ့သည်ဟု သိရသည်။ ထို့ပြင် ယာဉ်ယာဉ်ချင်း ဆင့်တိုက်မှု ဖြစ်စဉ် များလည်း အဖြစ်များ ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ တွင်လည်း ယာဉ်မတော် တဆ ဖြစ်ပွားမှု များပြားခဲ့ပြီး မတော်တဆ မှု ၁၁၂ မှု၊ သေဆုံးသူ ၃၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၆ ဦး ရှိခဲ့သည်။ ယင်းအပြင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ ဇွန်လနှင့်  နိုဝင်ဘာလ တို့တွင်လည်း ယာဉ်မတော် တဆမှု ၁ဝဝ မှု အထက် ဖြစ်ပွား ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ယာဉ် မတော် တဆမှုများ များပြားခဲ့ပြီး ပြီးခဲ့သည့် နှစ်ထက် ပိုမို အဖြစ်များ ခဲ့သည်ဟု သိရသည်။

ယာဉ်မတော် တဆ ဖြစ်ပွားခဲ့ မှုများသည် လစဉ်ပျမ်းမျှ အနေဖြင့် ၁ဝ၃ မှုနှင့် အထက် ရှိနေပြီး သေဆုံးမှုတွင်  လစဉ် ပျမ်းမျှ ၂၄ဦးခန့် ယာဉ်မတော် တဆ ဖြစ်စဉ် များကြောင့် သေဆုံး နေရသည်။ ထိခိုက်ဒဏ်ရာ ရရှိမှု တွင်လည်း ၁၅၆ ဦးခန့် လစဉ်ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်မတော် တဆ ဖြစ်စဉ်များသည် လမ်းများကို အသုံးပြု နေကြ သူများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အပေါ်တွင် မူတည်နေကြောင်း  မြို့ပြ ရေးရာ ကျွမ်းကျင်သူ သုတေ သီများက သုံးသပ် ကြသည်။

http://www.myawady.net.mm/allnews/localnews/item/3764-2013-01-07-10-21-17
၂ဝ၁၂ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆမှုပေါင်း ၁၂၄၂မှု ဖြစ် ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကြောင့် သေဆုံးသူ ၂၉၁ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ဦးရေမှာ ၁၈၆၉ ဦး အထိရှိ ခဲ့ကြောင်း ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အဆိုပါယာဉ်မတော်တဆမှုများအနက် ဒီဇင်ဘာလတွင် ယာဉ်မတော်တဆမှု ၁၃၆မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၃၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၆၉ဦး အထိရှိခဲ့သည်။ မဆင်မခြင် မောင်းနှင်မှုများကြောင့် ဒီဇင်ဘာလ ၂၅ရက် နောက်ပိုင်း နှစ်သစ် မကူးမီ ၃၁ရက် အထိ ယာဉ်မတော်တဆမှုများ စံချိန်တင်များ ပြားခဲ့သည်ဟု သိရသည်။ ထို့ပြင် ယာဉ်ယာဉ်ချင်း ဆင့်တိုက်မှု ဖြစ်စဉ် များလည်း အဖြစ်များ ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင်လည်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများပြားခဲ့ပြီး မတော်တဆမှု ၁၁၂ မှု၊ သေဆုံးသူ ၃၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၆ ဦး ရှိခဲ့သည်။ ယင်းအပြင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ ဇွန်လနှင့် နိုဝင်ဘာလတို့တွင်လည်း ယာဉ်မတော်တဆမှု ၁ဝဝ မှု အထက် ဖြစ်ပွားခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ယာဉ် မတော်တဆမှုများများပြားခဲ့ပြီး ပြီးခဲ့သည့် နှစ်ထက် ပိုမိုအဖြစ်များခဲ့သည်ဟု သိရသည်။

ယာဉ်မတော်တဆ ဖြစ်ပွားခဲ့မှုများသည် လစဉ်ပျမ်းမျှ အနေဖြင့် ၁ဝ၃ မှုနှင့် အထက် ရှိနေပြီး သေဆုံးမှုတွင် လစဉ်ပျမ်းမျှ ၂၄ဦးခန့် ယာဉ်မတော်တဆ ဖြစ်စဉ်များကြောင့် သေဆုံး နေရသည်။ ထိခိုက်ဒဏ်ရာ ရရှိမှု တွင်လည်း ၁၅၆ ဦးခန့် လစဉ်ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မတော်တဆ ဖြစ်စဉ်များသည် လမ်းများကို အသုံးပြု နေကြသူများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအပေါ်တွင် မူတည်နေကြောင်း မြို့ပြ ရေးရာကျွမ်းကျင်သူ သုတေသီများက သုံးသပ် ကြသည်။

No comments:

Post a Comment