မြန်မာနိုင်ငံတွင် လွတ်လပ်မှုများ တိုးတက်လာဟု Freedomhouse အဖွဲ့ ဖော်ပြ
၂၀၁၁-၂၀၁၂
ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူမှုရေးလွတ်လပ်မှုများ
တိုးတက်လာကြောင်း ကမ္ဘာ့နိုင်ငံများ၏ ယင်းလွတ်လပ်မှုနှစ်မျိုးကို
တိုင်းတာဖော်ပြသော Freedomhouse အဖွဲ့က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်မှု မရှိဟူသော အဆင့်သတ်မှတ်ချက်တွင်သာ
ရှိနေသေးသော်လည်း ၂၀၁၂ အတွင်း ဒရာမာဆန်ဆန် အဖြစ်အပျက်များ ရှိခဲ့ပြီးနောက်
နိုင်ငံရေးလွတ်လပ်ခွင့်တွင် အဆင့် ၇ မှ အဆင့် ၆ သို့ တိုးတက်ခဲ့ကာ
အရပ်ဘက်လွတ်လပ်မှုတွင် အဆင့် ၆ မှ အဆင့် ၅ သို့ တိုးတက်ခဲ့သည်ဟု စာရင်းတွင်
ဖော်ပြသည်။
အဆင့်သတ်မှတ်ချက်တွင် အဆင့် ၇ မှာ အဆိုးဆုံးဖြစ်သည်။
၂၀၁၀-၂၀၁၁ အတွက် ထုတ်ပြန်ချက်တွင် အရပ်ဘက်လွတ်လပ်မှုတွင် ၇ မှ ၆ သို့
အဆင့်တက်ခဲ့ပြီး ယခုအကြိမ်တွင် နိုင်ငံရေးနှင့် အရပ်ဘက်လွတ်လပ်မှုတွင်ပါ
အဆင့်တစ်ခုစီ တိုးလာခြင်းဖြစ်သည်။
အတိုက်အခံပါတီများ
ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း၊
မီဒီယာ၊ ပုဂ္ဂလိကတိုင်ပင်ဆွေးနွေးမှု၊ ပြည်သူလူထုစုဝေးမှု၊
အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့်
အခြားလှုပ်ရှားမှုများအပေါ် ကာလကြာမြင့်စွာကပင် ထားရှိသော ကန့်သတ်ချက်များအား
ဆက်လက်ဖြေလျှော့ပေးခြင်းများ ရှိခဲ့၍ အဆင့်သတ်မှတ်ချက် တိုးလာသည်ဟု
Freedom in the World စာရင်းတွင် ကိုးကားဖော်ပြထားသည်။
-Ref: Foreign Policy
No comments:
Post a Comment