Tuesday, January 22, 2013

တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် KIA၏ အခန်းကဏ္ဍ

တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် KIA၏ အခန်းကဏ္ဍ

22 Jan 2013

        ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကချင်လက်နက်ကိုင် သောင်းကျန်သူ(KIA) အဖွဲ့နဲ့ အစိုးရတပ်များ အကြား တိုက်ပွဲများဖြစ်ပွားနေတာ ၁ ခွဲကျော်ကြာမြင့်ခဲ့ပါပြီ။ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် KIA အဖွဲ့မှ အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်ခဲ့ပါတယ်။ KIA အဖွဲ့ဆိုတာ ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ်စားမပြုလို့ အင်အားလည်း တောင့်တင်းခိုင်မာမှုမရှိပါဘူး။ လက်နက် အင်အား၊ လူအင်အားနဲ့ စစ်ပညာအရ အစိုးရတပ်တွေကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

    စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လဆန်းတည်းက KIA အဖွဲ့အနေနဲ့ တရုတ်ရဲ့ လက်နက်နဲ့ ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေကို ရရှိနေခဲ့ပါတယ်။ တရုတ်တို့အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေကို အချောင်လိုချင်ရင် KIA အဖွဲ့နဲ့ ပူးပေါင်းရမယ်ဆိုတာ သိနေပါတယ်။ နယ်စပ်မတည်ငြိမ် ဖြစ်လို့  တရားဥပဒေစိုးမိုးရေး ပျက်ယွင်းနေမှ အခွန်အခပေးစရာမလိုပဲ မြန်မာ့ သယံဇာတတွေကို အချောင် ရနိုင်မှာ ဖြစ်ပါတယ်။ KIA ကို လက်နက်တွေထောက်ပံ့ပေးထားရုံမကပဲ၊ စီးပွားရေးလုပ်ငန်းတွေကိုပါ တရုတ်ပြည်အတွင်းမှာ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါကလည်း စီးပွားရေးမဟာဗျူဟာ တစ်ရပ်ပါပဲ။ အစိုးရနဲ့ KIA အဖွဲ့ ငြိမ်းချမ်းရေးရရှိသွားခဲ့ရင် တရုတ်အနေနဲ့ သယံဇာတတွေကို ယခုလိုမျိုး ဈေးပေါပေါနဲ့ မရနိုင်တော့ပါဘူး။ ဒါ့အပြင် KIA တို့ရဲ့ လက်နက်ကိုင် သောင်းကျန်းမှုအောင်မြင်သွားခဲ့ရင်လည်း တရုတ်နိုင်ငံရဲ့ လက်ပါးစေနယ်မြေအဖြစ် ရရှိနိုင်သလို အနောက်ဘက် ပင်လယ်ထွက်ပေါက်ရရှိဖို့လည်း နီးစပ်သွားမှာပဲ ဖြစ်ပါတယ်။

KIA အဖွဲ့အနေနဲ့ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ရရှိခဲ့ပါက ခုလို တရားဥပဒေမဲ့ ထင်တိုင်းကျဲလို့ မရတော့ပါဘူး။ သစ်တွေ၊ ကျောက်စိမ်းတွေ၊ ရွှေတွေကို အခွန်ဆောင်ပြီးမှ ရောင်းချရတော့မှာဖြစ်သလို၊ ဆက်ကြေးကောက်၊ လူသစ်စု၊ မုဒိန်းကျင့်၊ မကျေနပ်တဲ့လူတွေကို သတ်ဖြတ်ခြင်း စတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြား စေဖို့အတွက် မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခိုင်းပြီး ငြိမ်းချမ်းရေးမရအောင် ဆောင်ရွက်ခဲ့တယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရသည် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေလာတာနဲ့ အမျှ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေကို ပိုမိုထောက်ပံ့ပေးလာခဲ့ပါတယ်။ KIA နယ်မြေထဲမှာ လက်နက်စက်ရုံတွေဆောက်ပေးပြီး စစ်မီးမငြိမ်းအောင် ပံ့ပိုးဆောင်ရွက်ခဲ့တယ်။ လိုင်ဇာနဲ့ လိုင်စင်ပို့စ်ကြားမှာရှိတဲ့ ဘိန်းခင်းတွေကထွက်တဲ့ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကို တရုတ်နယ်စပ်နေတစ်ဆင့် ဖြန့်ဖြူးနေတာကိုလည်း မမြင်ချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုခဲ့တယ်။ လိုင်ဇာလက်နက်စက်ရုံက ထွက်တဲ့ လက်နက်တွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကို ရောင်းချပေးစေခဲ့တယ်။ ဒါလို လုပ်ဆောင်တာကလည်း မြန်မာနယ်စပ်ကို မတည်ငြိမ်အောင် တစ်ဘက်လှည့်နဲ့ ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

KIA အဖွဲ့အနေနဲ့ ကချင်ပြည်နယ်တစ်ခုလုံးကို ငြိမ်းချမ်းမှုမရနိုင်အောင် အဓိက ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ပိုပြီးတော့ အသေးစိတ်ပြောရရင် ကချင်ပြည်နယ်ကြီး မအေးချမ်းတာ ဂွမ်မော်နဲ့ ဂမ်ရှောင် ဆိုတဲ့ KIAခေါင်းဆောင်ကြီးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ၄င်းတို့ ၂ ဦးရဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးက တရုတ်နိုင်ငံမှာ ရှိနေပြီး ဟိုတယ်တွေ၊ ကုမ္ပဏီတွေအကုန်လုံး တရုတ်ရဲ့ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာကြောင့် တရုတ်ရဲ့ ခိုင်းစေသမျှကို လုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပြန်လည်ပြေလည်လာခဲ့ရင် KIA အဖွဲ့ကို ထောက်ပံ့ပေးတော့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ အကျိုးစီးပွားကိုသာ ရှေးရှုမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် KIA အနေနဲ့ တရုတ်အားကိုးပြီး အစိုးရကို ဆန့်ကျင်တာ ရပ်တန်းက ရပ်စေလိုပါတယ်။ တကယ်တန်း စစ်ပွဲမှာ ဒုက္ခရောက်နေသူတွေကတော့ ကချင်လူမျိုးတွေပဲ ဖြစ်ပါတယ်။ အစိုးရ စစ်သားတွေသေသလို KIA စစ်သားတွေလည်းသေကျတာပဲ ဖြစ်ပါတယ်။ ကြားထဲက တရုတ်ကြီးကတော့ လက်ခုပ်တီးပြီးတော့ပဲနေတာ ဖြစ်ပါတယ်။ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ တရုတ်ရဲ့ မူဝါဒတွေကို KIAခေါင်းဆောင်တွေအနေနဲ့ ပြန်လည်လေ့လာသုံးသပ်ပြီး အမှန်ကိုမြင်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကချင်လက်နက်ကိုင်သောင်းကျန်သူ (KIA) အဖွဲ့နဲ့ အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေတာ ၁ ခွဲကျော်ကြာမြင့်ခဲ့ပါပြီ။ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြိမ် ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် KIA အဖွဲ့မှ အကြောင်းအမျိုး မျိုးပြ ပြီးငြင်း ဆန်ခဲ့ပါတယ်။ KIA အဖွဲ့ဆိုတာ ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ် စားမပြုလို့အင်အား လည်း တောင့်တင်းခိုင်မာမှုမရှိပါဘူး။ လက်နက်အင်အား၊ လူအင်အားနဲ့ စစ်ပညာအရ အစိုးရတပ်တွေကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လဆန်းတည်းက KIA အဖွဲ့အနေနဲ့ တရုတ်ရဲ့ လက်နက်နဲ့ ရိက္ခာ နဲ့ ငွေကြေးထောက်ပံ့မှုတွေကို ရရှိနေခဲ့ပါတယ်။ တရုတ်တို့အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ သဘာဝသယံ ဇာတတွေကို အချောင်လိုချင်ရင် KIA အဖွဲ့နဲ့ ပူးပေါင်းရမယ်ဆိုတာ သိနေပါတယ်။ နယ်စပ်မတည်ငြိမ် ဖြစ် လို့တရားဥပဒေစိုးမိုးရေး ပျက်ယွင်းနေမှ အခွန်အခပေးစရာမလိုပဲ မြန်မာ့ သယံဇာတတွေကို အချောင် ရနိုင်မှာ ဖြစ်ပါတယ်။ KIA ကို လက်နက်တွေထောက်ပံ့ပေးထားရုံမကပဲ၊ စီးပွားရေး လုပ်ငန်းတွေ ကိုပါ တရုတ်ပြည်အတွင်းမှာ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါကလည်း စီးပွားရေးမဟာဗျူဟာ တစ်ရပ်ပါပဲ။ အစိုးရနဲ့ KIA အဖွဲ့ ငြိမ်းချမ်းရေးရရှိသွားခဲ့ရင် တရုတ်အနေနဲ့ သယံဇာတတွေကို ယခုလိုမျိုး ဈေးပေါပေါနဲ့ မရနိုင်တော့ပါဘူး။ ဒါ့အပြင် KIA တို့ရဲ့ လက်နက်ကိုင် သောင်းကျန်းမှုအောင်မြင်သွားခဲ့ရင်လည်း တရုတ်နိုင်ငံရဲ့ လက်ပါးစေနယ်မြေအဖြစ် ရရှိနိုင်သလို အနောက်ဘက် ပင်လယ်ထွက်ပေါက်ရရှိဖို့လည်း နီးစပ်သွားမှာပဲ ဖြစ်ပါတယ်။

KIA အဖွဲ့အနေနဲ့ကလည်း အစိုးရနဲ့ငြိမ်းချမ်းရေး ရရှိခဲ့ပါက ခုလိုတရားဥပဒေမဲ့ ထင်တိုင်းကျဲလို့မရတော့ ပါဘူး။ သစ်တွေ၊ ကျောက်စိမ်းတွေ၊ ရွှေတွေကို အခွန်ဆောင်ပြီးမှ ရောင်းချရတော့မှာဖြစ်သလို၊ ဆက်ကြေးကောက်၊ လူသစ်စု၊ မုဒိန်းကျင့်၊ မကျေနပ်တဲ့လူတွေကို သတ်ဖြတ်ခြင်း စတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြား စေဖို့အတွက် မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခိုင်းပြီး ငြိမ်းချမ်းရေးမ ရအောင် ဆောင်ရွက်ခဲ့တယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရသည် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေလာတာနဲ့ အမျှ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေကို ပိုမိုထောက် ပံ့ပေးလာ ခဲ့ပါတယ်။ KIA နယ်မြေထဲမှာ လက်နက်စက်ရုံတွေဆောက်ပေးပြီး စစ်မီးမငြိမ်းအောင်ပံ့ပိုးဆောင် ရွက်ခဲ့ တယ်။ လိုင်ဇာနဲ့ လိုင်စင်ပို့စ်ကြားမှာရှိတဲ့ ဘိန်းခင်းတွေကထွက်တဲ့ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကို တရုတ် နယ်စပ်နေတစ်ဆင့် ဖြန့်ဖြူးနေတာကိုလည်း မမြင်ချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုခဲ့တယ်။ လိုင်ဇာ လက်နက်စက်ရုံကထွက်တဲ့ လက်နက်တွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ လက်နက် ကိုင် သောင်းကျန်းသူတွေကို ရောင်းချပေးစေခဲ့တယ်။ ဒါလို လုပ်ဆောင် တာက လည်း မြန်မာနယ်စပ်ကို မတည်ငြိမ်အောင် တစ်ဘက်လှည့်နဲ့ ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

KIA အဖွဲ့အနေနဲ့ ကချင်ပြည်နယ်တစ်ခုလုံးကို ငြိမ်းချမ်းမှုမရနိုင်အောင် အဓိက ဆောင်ရွက်နေတာပဲ ဖြစ် ပါတယ်။ ပိုပြီးတော့ အသေးစိတ်ပြောရရင် ကချင်ပြည်နယ်ကြီး မအေးချမ်းတာဂွမ်မော်နဲ့ ဂမ်ရှောင်ဆိုတဲ့ KIAခေါင်းဆောင်ကြီးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ၄င်းတို့ ၂ ဦးရဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးက တရုတ်နိုင်ငံမှာ ရှိနေပြီး ဟိုတယ်တွေ၊ ကုမ္ပဏီတွေအကုန်လုံး တရုတ်ရဲ့ အထောက်အပံ့နဲ့ လုပ်ဆောင်နေ တာကြောင့် တရုတ်ရဲ့ ခိုင်းစေသမျှကို လုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာ အစိုးရနဲ့ ဆက်ဆံရေး ပြန်လည်ပြေလည်လာခဲ့ရင် KIA အဖွဲ့ကို ထောက်ပံ့ပေးတော့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ အကျိုးစီးပွားကိုသာ ရှေးရှုမှာ ဖြစ်ပါတယ်။

ဒါကြောင့် KIA အနေနဲ့ တရုတ်အားကိုးပြီး အစိုးရကို ဆန့်ကျင်တာ ရပ်တန်းက ရပ်စေလိုပါတယ်။ တကယ် တန်း စစ်ပွဲမှာ ဒုက္ခရောက်နေသူတွေကတော့ ကချင်လူမျိုးတွေပဲ ဖြစ်ပါတယ်။ အစိုးရ စစ်သားတွေသေ သလို KIA စစ်သားတွေလည်းသေကျတာပဲ ဖြစ်ပါတယ်။ ကြားထဲက တရုတ်ကြီးကတော့ လက်ခုပ် တီးပြီးတော့ပဲနေတာ ဖြစ်ပါတယ်။ အိမ်ကြက်ခြင်း အိုးမဲသုတ်ခွပ်ခိုင်းတဲ့ တရုတ်ရဲ့မူဝါဒတွေကို KIAခေါင်းဆောင်တွေအနေနဲ့ ပြန်လည်လေ့လာသုံးသပ်ပြီး အမှန်ကိုမြင်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။
Kachin Daily News

No comments:

Post a Comment