Wednesday, January 2, 2013

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး


မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး
Wednesday, January 02, 2013

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်ဟိုပင်
မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့်အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) 
အကြား အမှတ်(၄၃)အဆန်ကုန်တင်ရထားဖြတ်သန်းမောင်းနှင်
နေစဉ် KIA မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ 
မိုင်းပေါက်ကွဲမှုကြောင့် ဟိုပင်မှ မိုးကောင်းဘက်သွား ရထားသံလမ်း
ဘယ်ဘက်အခြမ်း (၁)ပေ ခန့်ပြတ်တောက်သွားပြီး ဇလီဖာတုံး (၅)တုံး
ပျက်ဆီးကာ ကုန်တင်ရထား၏နောက်ဆုံးတွဲရှိ ရထားဘီး(၄)ဘီး 
လမ်းချော်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပျက်ဆီးသွားသော ရထားလမ်းကို မိုးညှင်းဘူတာမှ ကြီးကြပ်ရေးမှူး
ဦးစီး၍ ၀န်ထမ်း(၁၃)ဦးဖြင့် စတင်ပြုပြင်လျက်ရှိပြီး ရထားသွားလာမှု
အား ခေတ္တခဏ ပိတ်ထားကြောင်း သိရှိရပါသည်။ 

KIA မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊
လမ်းတံတားဆောက်လုပ်ရေးယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှု အကြိမ်(၁၀၀)ကျော်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိ
ရသည်။

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်ဟိုပင်မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့်အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) အကြား အမှတ်(၄၃)အဆန်ကုန်တင်ရထားဖြတ်သန်းမောင်းနှင်နေစဉ် KIA
မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ဟိုပင်မှ မိုးကောင်းဘက်သွား ရထားသံလမ်းဘယ်ဘက်အခြမ်း (၁)ပေ ခန့်ပြတ်တောက်သွားပြီး ဇလီဖာတုံး (၅)တုံးပျက်ဆီးကာ ကုန်တင် ရထား၏နောက်ဆုံးတွဲရှိ ရထားဘီး(၄)ဘီး လမ်းချော်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပျက်ဆီးသွားသော ရထားလမ်းကို မိုးညှင်းဘူတာမှ ကြီးကြပ်ရေးမှူးဦးစီး၍ ၀န်ထမ်း(၁၃)ဦးဖြင့် စတင်ပြုပြင် လျက်ရှိပြီး ရထားသွားလာမှုအား ခေတ္တခဏ ပိတ်ထားကြောင်း သိရှိရပါသည်။

KIA မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊ လမ်းတံတားဆောက် လုပ်ရေးယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှု အကြိမ်(၁၀၀)ကျော်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

No comments:

Post a Comment