Friday, January 11, 2013

ထိုင်း SPCG မြန်မာပြည်မှာ Solar farms တည်ဆောက်မည်


အာရှမှာအကြီးဆုံး နေရောင်စွမ်းအင်ကုမ္ပဏီ ဖြစ်တဲ့ ထိုင်းနိုင်ငံ SPCG က မြန်မာပြည်မှာ အသေးစား နေရောင်ခြည်စွမ်းအားသုံး လျှပ်စစ် စက်ရုံများကို တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လာမဲ့နှစ်လယ်လောက်မှာ မြန်မာပြည်တွင်းမှ လုပ်ငန်းရှင်များနဲ့ JV (joint venture) ကုမ္ပဏီ ထူထောင်ပြီး ၂၀၁၄ ခုနှစ်မှာ စတင် တည်ဆောက်မယ်လို့ SPCG ရဲ့ ဥက္ကဋ္ဌ Wandee Khunchornyakong က ပြောပါတယ်။ မြန်မာပြည်တွင်း က ပင်မဓာတ်အားကြိုးတွေ နဲ့ မဆက်သွယ်ဘဲ လျှပ်စစ်မီးလိုအပ်တဲ့ ကျေးလက်ဒေသတွေ အတွက် ရည်ရွယ်ကြောင်း သိရပါတယ်။

"ထိုင်းနိုင်ငံရဲ့ လျှပ်စစ်မီးထုတ်လုပ်မှု မီဂါဝပ် ၃၂၀၀၀ နဲ့ ယှဉ်လိုက်ရင် လူဦးရေ ၅၅ သန်းရှိတဲ့ မြန်မာပြည်ရဲ့ လက်ရှိထုတ်နိုင်တဲ့ မီဂါဝပ် ၂၅၀၀ ဟာ အလွန်နည်းပြီး မလုံလောက်ပါ ဘူး။ မြန်မာပြည် ရဲ့ နေရာ အများ အပြားမှာ ဒီဇယ်မီးစက်ကို သုံးပြီး အိမ်မီးအတွက်သုံးနေတာ ဟာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထက် ၂ ဆ ပိုမိုကုန်ကျပါတယ်။ ဒါကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဈေးကွက်ဟာ အလား အလာ ရှိပါ တယ်" ဟု Mrs. Wandee က ပြောခဲ့ပါတယ်။
(Bangkok Post, Jan 11, 2013)

အေးချမ်းမွန်မှ Myanmar1

No comments:

Post a Comment