Monday, February 25, 2013

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)မှ အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ပေးမှုအား လျှော့ချပေးခြင်းနှင့် ပတ်သတ်၍ ကြေငြာချက်ထုတ်


လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို အပြည့်အဝ မတည် ထားသော ထူးကုမ္ပဏီများအုပ်စုသည်

၁) လက်နက်ရောင်းဝယ်ရေး လုပ်ငန်းနှင့် ဆက်စပ်သည့် ဝင်ငွေများမရှိခြင်း။

၂) မူးယစ်ဆေးဝါး ရောင်းချသည့်လုပ်ငန်းနှင့် ဆက်စပ်သည့် ဝင်ငွေများမရှိခြင်း။



၃) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ပေးထားသော စည်မျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့်အပြင် International Bank Standard များနှင့် ကိုက်ညီမှုရှိခြင်း တို့ကြောင့် အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ပေးမှုအား လျှော့ချပေးခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။

အမေရိကန်မှ စီးပွားရေး ပိတ်ဆို့မှု လျှော့ချပေးခဲ့ရာတွင် ထောက်ခံဆွေးနွေးပေးခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် သက်ဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာသံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက် အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ မိမိတို့ ဘဏ်အနေဖြင့် အများပိုင်ဘဏ်အဖြစ် ပြောင်းလဲပြီး မြန်မာပြည်သူ ပြည်သားများအားလုံး၏အကျိုးနှင့် နိုင်ငံတော် အကျိုးစီးပွား တိုးတက်ရေးကိုသာ အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

ထို့အပြင် အများပိုင်ပြုလုပ်မည့် ဘဏ်ရှယ်ယာများကိုလည်း (၃)လမှ (၆)လအတွင်း Valuation ကုမ္ပဏီများ၊ Audit Firm များ၊ Law Firm များနှင့် ပူးပေါင်းဆောင်ရွက်ကာ အများပြည်သူသို့အမြန်ဆုံးရောင်းချနိုင်ရန်အတွက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ပါသည်။

သန်းရီ
ဥက္ကဋ္ဌ
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank Ltd)
AGD  Facebook မှ

No comments:

Post a Comment