Saturday, February 23, 2013

စစ်တွေနှင့် ပေါက်တောမြို့တို့တွင် အမိန့်ထုတ်၍ လူဦးရေ ထိန်းချုပ်မည်




ရခိုင်ပြည်နယ် စစ်တွေနှင့် ပေါက်တောမြို့ တို့တွင် ပြည်နယ် အစိုးရ အဖွဲ့က ဒေသန္တရအမိန့် ထုတ်၍ လူဦးရေ ထိန်းချုပ် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖေဖော်ဝါရီ လ ၂၂ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် တွင် ပြောကြားသည်။

ဘင်္ဂါလီများ တရားမဝင် ဝင်ထွက် သွားလာမှုမှ ကာကွယ်ရေး၊ လူဦးရေ ထိန်းချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များတွင် ပိုမိုထိရောက် အောင်မြင်ရေး အတွက် အစိုးရအဖွဲ့က ဒေသန္တရ အမိန့်နှင့် ညွှန်ကြားချက် များကို ထုတ် ပြန်ရန် ပြင်ဆင်လျက် ရှိကြောင်း ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေ နှင့် စစ်တွေမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ နယ်မြေရုံး နှစ်ခု၊ စခန်းခြောက်ခု အတွက် တိုင်းတစ်ပါးသား လူဦးရေ ထိန်းချုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန် ပေးရန် အစီအစဉ်ရှိ၊ မရှိ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်တွေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ် ဦးမောင်ညို မေးမြန်းမှုကို ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

လူဦးရေ ထိန်းချုပ်နိုင်ရေး အတွက် နယ်စပ်ဒေသ လူမှုစစ်ဆင်ရေး ကွပ်ကဲ ရေးဌာနချုပ် အောက်နယ်မြေရုံး ၉ ခု၊ စခန်း ၂၆ ခုဖွင့်ပြီး ဒေသအမိန့် ထုတ်ပြန် ခဲ့သဖြင့် လူဦးရေ ထိန်းချုပ်နိုင်ခဲ့ ကြောင်း၊ ထိန်းချုပ်ရန် လို၍ စစ်တွေနှင့် ပေါက်တောမြို့နယ် တို့ရှိ နယ်မြေနှစ်ခု၊ စခန်း ခြောက်ခု ထပ်မံဖွင့်လှစ်ခဲ့သော် လည်း အမိန့် ထုတ်ပြန်ထားခြင်း မရှိသဖြင့် လူဦးရေ ထိန်းချုပ်ရာတွင် အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း ဦးမောင်ညိုက ပြောကြားခဲ့သည်။

"လူဦးရေ အမိန့်ထုတ်ပြီး ထိန်းချုပ် တာနဲ့ မလုံလောက်ဘူးလို့ ထင်တယ်။ လူဦးရေ ဆိုင်ရာ ပေါ်လစီကို ပြန်လည် သုံးသပ်သင့်တယ်"ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာ သည့် နိုင်ငံရေးသိပ္ပံ ကျောင်းသား ဦးသူရိန် က ၄င်းအမြင်ကို ပြောကြားသည်။

သို့သော်လည်း တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုး များသည် ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်ပြီး စစ်တွေ မြို့ အရှေ့ဘက်ရှိ ဆင်တက်မော် မြစ်၊ ဖားကူးမြစ်နှင့် ကျွဲကူးမြစ်တို့ မှတစ်ဆင့် ရေကြောင်းမှ ခိုးဝင်မှု များလာသဖြင့် စစ်တွေ မြို့နယ်တွင် နယ်မြေရုံး တစ်ရုံး နှင့် စခန်းနှစ်ခု၊ ပေါက်တော မြို့နယ် မှာလည်း နယ်မြေ တစ်ရုံးနှင့် စခန်း နှစ်ခု စုစုပေါင်း နယ်မြေရုံး နှစ်ရုံးနှင့် စခန်းလေးခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဖွင့်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရှိရသည်။
 
TheVoiceWeekly

No comments:

Post a Comment