Tuesday, February 26, 2013

မြန်မာနိုင်ငံအစစ်အမှန် လွတ်လပ်ပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးကပြောဆို


မြန်မာနိုင်ငံအစစ်အမှန် လွတ်လပ်ပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးကပြောဆိုလိုက်သည်။
"ဒေါ်အောင်ဆန်းစုကြည်က အင်တမန်ချစ်စရာကောင်းတဲ့ အမျိုးသမီးပါ ၊ သူမကို ကျွန်တော်အရမ်းသဘောကျပါတယ်၊ အခုအချိန်မှာ မြန်မာနိုင်ငံမှာ အစစ်အမှန် လွတ်လပ်နေပါပြီ ဆက်လက်ပြီးတော့လည်း အရှိန်အဟုန်နဲ့ အမှန်တကယ်လွတ်လပ်မှုကို ကျွန်တော်တို့မြင်ချင်ပါတယ် "
ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးတို့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ဆုံပြီးနောက် ယင်းကအထက်ပါအတိုင်း သတင်းမီဒီများသို့ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံမှ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးသည် ၁၉၈၄ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ပြီး ပထမဆုံးလူမည်း ဘုန်းတော်ကြီးတစ်ပါး အနေဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးသည်ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ကာလအတွင်းတွင် သူမလွတ်မြောက်ရေး အတွက် အစဉ်တစိုက်တိုက်တွန်းပြော ဆိုခဲ့သူ တစ်ဦးလည်းဖြစ်သည်။
YMG

No comments:

Post a Comment