Monday, February 25, 2013

၂၀၁၃ ဇေကမ္ဘာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား ဗိုလ်စွဲ

၂၀၁၃ ဇေကမ္ဘာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား ဗိုလ်စွဲ
=======================================

2013 ZAYKAYBAR MYANMAR OPEN ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံဂေါက်ကွင်း၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်(ယနေ့)ထိ ကျင်းပခဲ့ရာ နောက်ဆုံးနေ့ပွဲစဉ်များအပြီးတွင် ထိုင်းနိုင်ငံသား ချာဝါလစ်ပါလာဖွန်က ပထမဆုဖလား ဆွတ်ခူးနိုင်ခဲ့သည်။
ချာဝါလစ်ပါလာဖွန်သည် ပြိုင်ပွဲတစ်လျှောက် အနုတ် ၁၈ ချက်(-18) လျော့ရိုက်နိုင်ခဲ့ပြီး ရမှတ် ၂၇၀ မှတ်ဖြင့် ပထမရ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ပထမရရှိခဲ့သည့် ထိုင်းနိုင်ငံသား ပါလာဖွန်အား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ 54,000 (ငါးသောင်းလေးထောင်)၊ ဒုတိယရရှိခဲ့သည့် သီရိလင်္ကာနိုင်ငံသား မစ်သွန် ပရာရာအား အမေရိကန်ဒေါ်လာ 33,000 (သုံးသောင်းသုံးထောင်)၊ တတိယရရှိခဲ့သည့် ထိုင်းနိုင်ငံသား ကီရာဒတ်အား အမေရိကန်ဒေါ်လာ 18,900 (တစ်သောင်းရှစ်ထောင် ကိုးရာ) ချီးမြှင့်ခဲ့သည်။ ထို့ပြင် အဆင့် ၄ မှ အဆင့် ၆၈ အတွင်း ၀င်ရောက်ခဲ့သည့် ပြိုင်ပွဲကစားသမားများအား ဆုကြေးငွေများ အသီးသီး ချီးမြှင့်ခဲ့သည်။ လက်ရှိချန်ပီယံ သြစတြေးလျနိုင်ငံသား ကီရန်မှာ ပြိုင်ပွဲ ဒုတိယနေ့၌ ကွင်းသို့လာရောက်ရန် နောက်ကျခဲ့သဖြင့် Disqualifier အဖြစ် သတ်မှတ်ခံရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ၂၀၁၃ ဇေကမ္ဘာမြန်မာ အိုးပင်းဂေါက်သီး ရိုက်ပြိုင်ပွဲ၏ စုစုပေါင်း ဆုကြေးငွေမှာ အမေရိကန်ဒေါ်လာ သုံးသိန်းဖြစ်သည်။ အဆိုပါပြိုင်ပွဲ ၌ ပြည်တွင်းအကောင်းဆုံး ကစားသမားဆုကို စိုးကျော်နိုင်မှ ရရှိခဲ့သည်။ စိုးကျော်နိုင်သည် ပရော်ဖက်ရှင် ဂေါက်သီးကစားသမားတစ်ဦးဖြစ်ပြီး ယခုပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက် ( -6 ) လျော့ရိုက်နိုင်ခဲ့ပြီး အဆင့် ၄၉ နေရာရရှိခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ထို့်အတူမြန်မာနိုင်ငံမှ ပရော်ဖက်ရှင်နယ် ဂေါက်သီးကစားသမား သိန်းဇော်မြင့်သည်လည်း သတ်မှတ်ရိုက်ချက်ထက် သုံးချက် (-3) လျော့ရိုက်ကာ အဆင့် ၆၃ နေရာရရှိခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ အပျော်တမ်းဂေါက်သီးကစားသမား မျိုးဝင်းအောင်သည် ယခုပြိုင်ပွဲတွင် အဆင့် ၆၉ ရရှိခဲ့ပြီး အပျော်တမ်းဂေါက်သီးကစားသမား သိန်းနိုင်စိုးမှာလည်း Round 1 , No. 3 ကွင်း၌ တစ်ချက်တည်းဖြင့်(Hold In One) ကြွင်းဝင်အောင် ရိုက်နိုင်ခဲ့သည်။ မျိုးဝင်းအောင်နှင့် သိန်းနိုင်စိုးတို့မှာ အပျော်တမ်းဂေါက်သီး ကစားသမားများဖြစ်ကြပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂေါက်သီးအားကစားပြိုင်ပွဲအတွက် ပဏာမ လူစာရင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားများဖြစ်ကြသည်။ 2013 ZAYKAYBAR MYANMAR OPEN ပြိုင်ပွဲသည် ၂၀၁၃ ခုနှစ်၏ ပထမဆုံး Asian Tour ဂေါက်သီးပြိုင်ပွဲဖြစ်သည်။

Yatanarpon

2013 ZAYKAYBAR MYANMAR OPEN ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံဂေါက်ကွင်း၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်(ယနေ့)ထိ ကျင်းပခဲ့ရာ နောက်ဆုံးနေ့ပွဲစဉ်များအပြီးတွင် ထိုင်းနိုင်ငံ သား ချာဝါလစ်ပါလာဖွန်က ပထမဆုဖလား ဆွတ်ခူးနိုင်ခဲ့သည်။
ချာဝါလစ်ပါလာဖွန်သည် ပြိုင်ပွဲတစ်လျှောက် အနုတ် ၁၈ ချက်(-18) လျော့ရိုက်နိုင်ခဲ့ပြီး ရမှတ် ၂၇၀ မှတ်ဖြင့် ပထမရ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ပထမရရှိခဲ့သည့် ထိုင်းနိုင်ငံသားပါလာဖွန်အား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ 54,000 (ငါးသောင်းလေးထောင်)၊ ဒုတိယရရှိခဲ့သည့် သီရိလင်္ကာနိုင်ငံသား မစ်သွန် ပရာရာအား အမေရိကန်ဒေါ်လာ 33,000 (သုံးသောင်းသုံးထောင်)၊ တတိယရရှိခဲ့သည့် ထိုင်းနိုင်ငံသား ကီရာဒတ်အား အမေရိကန်ဒေါ်လာ 18,900 (တစ်သောင်းရှစ်ထောင် ကိုးရာ) ချီးမြှင့်ခဲ့သည်။ ထို့ပြင် အဆင့် ၄ မှ အဆင့် ၆၈ အတွင်း ၀င်ရောက်ခဲ့သည့် ပြိုင်ပွဲကစားသမားများအား ဆုကြေးငွေများ အသီးသီး ချီးမြှင့်ခဲ့သည်။ လက်ရှိချန်ပီယံ သြစတြေးလျနိုင်ငံသား ကီရန်မှာ ပြိုင်ပွဲ ဒုတိယနေ့၌ ကွင်းသို့လာရောက် ရန် နောက်ကျခဲ့သဖြင့် Disqualifier အဖြစ် သတ်မှတ်ခံရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ၂၀၁၃ ဇေကမ္ဘာမြန်မာ အိုးပင်းဂေါက်သီး ရိုက်ပြိုင်ပွဲ၏ စုစုပေါင်းဆုကြေးငွေမှာ အမေရိကန်ဒေါ်လာ သုံးသိန်းဖြစ်သည်။ အဆိုပါပြိုင် ပွဲ ၌ ပြည်တွင်းအကောင်းဆုံး ကစားသမားဆုကို စိုးကျော်နိုင်မှ ရရှိခဲ့သည်။ စိုးကျော်နိုင်သည် ပရော်ဖက် ရှင် ဂေါက်သီးကစားသမားတစ်ဦးဖြစ်ပြီး ယခုပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက် ( -6 ) လျော့ ရိုက်နိုင်ခဲ့ပြီး အဆင့် ၄၉ နေရာရရှိခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ထို့်အတူမြန်မာနိုင်ငံမှ ပရော်ဖက် ရှင်နယ် ဂေါက်သီးကစားသမား သိန်းဇော်မြင့်သည်လည်း သတ်မှတ်ရိုက်ချက်ထက် သုံးချက် (-3) လျော့ ရိုက်ကာ အဆင့် ၆၃ နေရာရရှိခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ အပျော်တမ်းဂေါက်သီးကစားသမား မျိုးဝင်းအောင်သည် ယခုပြိုင်ပွဲတွင် အဆင့် ၆၉ ရရှိခဲ့ပြီး အပျော်တမ်းဂေါက်သီးကစားသမား သိန်းနိုင်စိုးမှာ လည်း Round 1 , No. 3 ကွင်း၌ တစ်ချက်တည်းဖြင့်(Hold In One) ကြွင်းဝင်အောင် ရိုက်နိုင်ခဲ့သည်။ မျိုးဝင်းအောင်နှင့် သိန်းနိုင်စိုးတို့မှာ အပျော်တမ်းဂေါက်သီး ကစားသမားများဖြစ်ကြပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂေါက်သီး အားကစားပြိုင်ပွဲ အတွက် ပဏာမ လူစာရင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားများဖြစ်ကြသည်။ 2013 ZAYKAYBAR MYANMAR OPEN ပြိုင်ပွဲသည် ၂၀၁၃ ခုနှစ်၏ ပထမဆုံး Asian Tour ဂေါက်သီး ပြိုင်ပွဲဖြစ်သည်။

Yatanarpon

No comments:

Post a Comment