Thursday, February 21, 2013

သရုပ်ဆောင်မေဇွန်ကို အမှုသုံးမှုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်


သရုပ်ဆောင်မေဇွန်ကို  အမှုသုံးမှုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ ဖေဖော်ဝါရီ ၂၁ ရက်တွင် စွဲချက်တင်လိုက်ကြောင်း ၎င်းအမှုအား စစ်ဆေးလျက်ရှိသည့် အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) က ပြောသည်။

အိမ်ဖော်များဖြစ်သည့် မနုနုလွင်၊ မဇင်ဇင်ထိုက်တို့အား နေအိမ်အတွင်း ချုပ်နှောင်းထားမှု၊ ဦးခေါင်းနှင့် ကိုယ်ပေါ်တွင် ဒဏ်ရာများရရှိစေမှု၊ မနုနုလွင်အား သေဆုံးစေခဲ့သော သရုပ်ဆောင် မမေဇွန်ကို အနောက်ပိုင်းခရိုင် တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၃၊ ၃၀၂ တို့ဖြင့် စွဲချက်တင်ထားသည်။
သို့သော် သရုပ်ဆောင်မေဇွန်၏ ရှေ့နေကမူ အိမ်ဖော်မဇင်ဇင်ထိုက်အား ထပ်မံစစ်ဆေးပေးရန် တရားရုံးသို့ ယနေ့ဖေဖော်ဝါရီ ၂၁ ရက်တွင် လျှောက်ထားခဲ့သောကြောင့် လာမည့်ဖေဖော်ဝါရီ ၂၈ ရက်တွင် မဇင်ဇင်ထိုက်အား အနောက်ပိုင်းခရိုင်ရုံးတွင် ဆက်လက်စစ်ဆေးမည်ဟု သိရသည်။
ယခု တရားစွဲဆိုခြင်း ခံထားရသော မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဗဟိုလမ်းတွင် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့်နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးကို ကြက်မွေးတစ်ချောင်းပေး၍ ၎င်းစိတ်ကျေနပ်သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်များအရ သိရသည်။ 
EMG

No comments:

Post a Comment