Tuesday, February 12, 2013

ပြည်ထောင်စုနေ့တွင် ဒီမိုကရေစီမိတ်ဆွေပါတီများမှ နိုင်ငံရေးအဖွဲ့အစည်းများအားလုံးပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပရန် တိုက်တွန်း

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် နိုင်ငံရေးအဖွဲ့အစည်းများအားလုံးပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကို အစိုးရမှ ကျင်းပပေးရန် ဒီမိုကရေစီမိတ်ဆွေပါတီများက တိုက်တွန်းလိုက်သည်။


ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ပူးတွဲကြေညာချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပပေးရန်၊ ယင်းညီလာခံမှ ပြည်ထောင်စုလုံးဆိုင်ရာ ပဋိဉာဉ်ကြီးတစ်ရပ် သဘောတူ ချမှတ်သွားနိုင်သည်အထိ ဆောင်ရွက်ရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ပေးပို့သော သ၀ဏ်လွှာတွင်လည်း ပြည်ထောင်စုစစ်စစ်နိုင်ငံတော်ကြီး ပေါ်ထွန်းခိုင်မာစေရေးအတွက် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားတန်းတူညီ မျှရေး၊ နိုင်ငံရေး ဦးတည်ချက်များကို လက်တွဲဖော်ဆောင်ကြပါရန် အလေးအနက် တိုက်တွန်းထားသည်။

7daysNewsjournal

No comments:

Post a Comment