Wednesday, February 13, 2013

မြန်မာဆီးဂိမ်းအပေါ် ဖိလစ်ပိုင်စိတ်ပျက်



ဖိလစ်ပိုင်အားကစားအဖွဲ့ချုပ် ဥက္ကဌ ရစ်ချီဂါစီယာအနေဖြင့် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းအပေါ် စိတ်ပျက်မိကြောင်းပြောကြားခဲ့သည်။
 
မြန်မာက ဆုတံဆိပ်များများရပြီး အဆင့်မြင့်မြင့်မရရအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်နေပါတယ်ဟု ၄င်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

 
၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းတွင် နိုင်ငံအလိုက် အဆင့်၆ ရရှိခဲ့သည့် မြန်မာနိုင်ငံ၏ ဆုရှိမှုအဆင့်ထက် တစ်ဆင့်ပိုသာသည် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခုမြန်မာဆီးဂိမ်းတွင် အဆင့်ကျသွားတော့မှာ သေချာကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ သည်။
 
 “ အဆင့် ၇ လောက်တော့ရမယ် ထင်တယ်။ ၈တော့ မဖြစ်သင့်ပါဘူး “ ဟု ဂါစီယာက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံမှ ထည့်သွင်းအသုံးပြုသည့် အားကစားနည်း ၆၀ နီးပါးအား ပြိုင်ပွဲဝင် နိုင်ငံတော်တော်များများ မသိရှိကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။ ကြက်တောင်၊တင်းနစ်ကမ်းခြေ ဗော်လီဘော အစရှိသည့် လူသိများသော  အားကစား နည်းများအား ထည့်သွင်းရန် ဆုံးဖြတ်မှုမရှိခဲ့သည့် မြန်မာ၏ ဆုံးဖြတ်ချက်ကိုလည်း ဂါစီယာက အပြစ်တင်ခဲ့သည်။
 
ရိုးရာအားကစားနည်းအချို့အား ထည့်သွင်းသည်မှာ ပြဿနာမရှိသော်လည်း အများအပြားထည့်သွင်းပါက နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာ ပြဿနာရှိလာနိုင်ကြောင်းကိုလည်း သူက ထောက်ပြပြောကြားခဲ့သည်။
 
မြန်မာဆီးဂိမ်းတွင် ဖိလစ်ပိုင်အားကစားသမားများကိုလည်း လျှော့ပို့ရန် ၄င်းက အကြံပြုခဲ့သည်။
 
၂၀၁၁မှာ ဖိလစ်ပိုင်နိုင်ငံမှ ရွှေတံဆိပ်ရခဲ့တဲ့ အားကစားနည်း ၃၆ခုအနက် ၁၆ခုမှာ မြန်မာနိုင်ငံတွင် ထည့်သွင်းယှဉ်ပြိုင်မည် မဟုတ်ကြောင်းကိုလည်း သိရသည်။
 
စည်းကမ်းစည်းမျဉ်းတွေကို မှန်ကန်အောင် လုပ်သင့်ပါတယ်။ အိုလံပစ်မှာ ပါဝင်တဲ့အားကစားနည်းတွေကို ထည့်သွင်းသင့် ပါတယ်။ဒါမှ ဆုတံဆိပ်ရရှိမှုအဆင့်က မှန်မှန်ကန်ကန်ဖြစ်ပါမယ် လို့လည်းသူက ပြောဆိုကာ
 
ကျွန်တော်တို့ နောက်မဆုတ်နိုင်ပါဘူး။ဆီးဂိမ်းကျင်းပရေးအဖွဲ့အစည်းက ကျွန်တော်တို့ကို ထုတ်ပယ်မယ် ဆိုရင်တောင်မှ လုပ်ရပါမယ်။ “ ဂါစီယာက ဖိလစ်ပိုင်အားကစားအဖွဲ့ချုပ် အနေဖြင့် မြန်မာဆီးဂိမ်းအား သပိတ်မှောက်ရန် တိုက်တွန်း ထားကြောင်းနှင့် ရွှေမရနိုင်တဲ့ အားကစားနည်း/အားကစားသမားတွေအတွက် ပိုက်ဆံအကုန်ခံ၍  လေ့ကျင့်ပေးစရာ မလိုဘူးကြောင်းကိုလည်း ၄င်းက ပြောကြားခဲ့သည်။
 
  မြန်မာဆီးဂိမ်းတွင် ဆုတံဆိပ် (၁၀၀)၀န်းကျင်ရရှိရန် မျှော်လင့်ကြောင်း၊ အိမ်ရှင် အခွင့်အရေးအား သတ်မှတ်ချက်နှင့်အညီ အပြည့်အ၀ အသုံးချသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဇန်န၀ါရီလက နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
မြစ်မခ

No comments:

Post a Comment